မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၅၅၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ကီလို ဖမ်းမိ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၅၅၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ကီလို ဖမ်းမိ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၅၅၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ကီလို ဖမ်းမိ

ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၅၅၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ကီလို ဖမ်းဆီးရမိကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၃ လမ်း၊ ၁၂၆ လမ်းနှင့် ၁၂၇ လမ်းကြားရှိ ဝင်းကျော်စိုး(ခ)ခန့်စိုး ၏ နေအိမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် သတင်းအရရှာဖွေရာ နေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၅၀၀ တန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၂၂၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂၂ ကီလို သိမ်းဆည်းရမိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရသိရသည်။

ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီခွဲအချိန် မန္တလေးမြို့၊ ၄၂ လမ်းနှင့် ၁၀၁ လမ်းကြားရှိ ဟိုတယ်တွင် ရှမ်းပြည်နယ်မှ သယ်ဆောင်လာသည့် ဘိန်းဖြူများ ဖမ်းမိနေအိမ်တွင် သိုလှောင်ထားရှိပြီး ကချင်ပြည်နယ်သို့ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ မနာဝ(ခ)ဂျူးမေ အား ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/23/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7-%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%90%e1%80%b6/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 23, 2023 11:04 上午
下一篇 6月 23, 2023 11:06 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....