အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး နှလုံးရောဂါဖြင့် ကွယ်လွန် 

အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး နှလုံးရောဂါဖြင့် ကွယ်လွန် 

အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး နှလုံးရောဂါဖြင့် ကွယ်လွန် 

မန္တလေးမြို့က ကွယ်လွန်သူ အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး၏ ရုပ်ကလာပ်ကို ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၃ လမ်းထောင့်ရှိ လူထုစာပေတိုက်မှ အေးရိပ်ငြိမ် သုသာန်သို့ ပို့ဆောင်ကာ မီးသဂြိုလ်ခဲ့ကြောင်း သိရသည်။

အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး (အသက် ၇၂ နှစ်) သည် မန္တလေးမြို့ရှိ လူထုသတင်းစာတိုက် တည်ထောင်သူ သတင်းစာဆရာ စာရေးဆရာများဖြစ်သည့် လူထုဦးလှ နှင့် လူထုဒေါ်အမာတို့၏ အငယ်ဆုံးသားဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ နေအိမ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုများထံမှသိရသည်။

အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး၏ ကိုယ်ရေးအကျဉ်းကို ဝီကီပီဒီယားမှ ရှာဖွေကာ အောက်ပါအတိုင်းဖော်ပြလိုက်ပါသည်။

အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး နှလုံးရောဂါဖြင့် ကွယ်လွန် အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး နှလုံးရောဂါဖြင့် ကွယ်လွန် အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး နှလုံးရောဂါဖြင့် ကွယ်လွန် အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး နှလုံးရောဂါဖြင့် ကွယ်လွန် အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး နှလုံးရောဂါဖြင့် ကွယ်လွန် 

စာရေးဆရာ ညီပုလေးကို လူထုဦးလှနှင့် လူထုဒေါ်အမာ တို့က ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ နေ့တွင် မန္တလေးမြို့၌ အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ငြိမ်းချမ်း (ခေါ်) ဘိုညို ဖြစ်သည်။

မွေးချင်းများတွင် ပဉ္စမမြောက် ဖြစ်၍ အငယ်ဆုံးလည်း ဖြစ်သည်။ သားသမီးငါးဦးထဲတွင် အငယ်ဆုံးဖြစ်၍ ကလောင်အမည်တွင် `ညီပုလေး´ဟူသောအမည်ကို သုံးစွဲခဲ့သည်။

ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာအထက်တန်း ကျောင်းတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ ပညာ သင်ကြားခဲ့သည်။မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ဘူမိဗေဒ ဘာသာရပ်ဖြင့် ရရှိခဲ့သည်။
၁၉၇၅ မှ ၁၉၇၇ အတွင်း မန္တလေးတိုင်း တိုင်းပဏာမ လက်ရွေးစင် ဘောလုံးသမား ဖြစ်ခဲ့သည်။

၁၉၇၈ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့တွင် တောတွင်း ဗကပသို့ ရောက်ရှိနေသော အကိုဖြစ်သူ ဖိုးသံချောင်းနှင့် စာအဆက်အသွယ် လုပ်သည်ဆိုသည့် စွပ်စွဲ ချက်ဖြင့် အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့နှင့် အတူ ထိန်းသိမ်း ခံရသည်။ မန္တလေးထောင်တွင် ၇ လ အချုပ်ခံခဲ့ရသည်။

၁၉၈၅ ခုနှစ်ထုတ် စံပယ်ဖြူ မဂ္ဂဇင်းတွင် လျက် ဆားတတို့ ဝတ္ထုကို စတင် ဖော်ပြခြင်း ခံရပြီး မဂ္ဂ ဇင်းများတွင် ဝတ္ထုတိုများ ဆက်လက် ရေးသားခဲ့သည်။

၁၉၈၉ ခုနှစ်တွင် သူငယ်ချင်းများနှင့်အတူ ထီးပေါင်းကား စာအုပ်တိုက် ကို ၃၂-လမ်းနှင့် ၃၃- လမ်းကြား၊ ၈၄-လမ်း၊ လက်ဆည်ကန်အရပ်တွင် တည်ထောင်ခဲ့သည်။

ပထမဦးဆုံး လုံးချင်းဝတ္ထုတို စာအုပ်မှာ သူထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး (၁၉၈၉ မတ်၊ လူထု ကြီးပွားရေး စာအုပ်တိုက်) ဝတ္ထုကို ရေးသား ထုတ်ဝေခဲ့ပြီးနောက် မြန်မာပြည်တွင် ပထမဆုံး ကွန်ပျူ တာ စာစီစာအုပ် ဖြစ်တဲ့ ကလေး လူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေး ဝတ္ထုတိုများ (၁၉၉ဝ စက် တင်ဘာ၊ လူထု ကြီးပွားရေး စာအုပ်တိုက်)၊ လမင်းရဲ့ ချိုသာတဲ့ လက်ခုပ်သံ၊ တကြောင်းဆွဲ ကလေးပန်းချီနှင့် အခြား ဝတ္ထုတိုများ၊ လူအ အိပ်မက် ဝတ္ထုတိုများ အပြင် ခရီးသွား ဆောင်းပါး အဖြစ် လီဒို ဟူးကောင်း မင်ခြစ်မှတ်စုများ စာအုပ်တို့မှာ ထင် ရှားသည်။

ထို့ပြင် မြေးသူကြီး ဝတ္ထုနှင့် ၂ဝဝ၆ ခုနှစ်တွင် ငြိမ်သက် တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ စာအုပ်ကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။

၂ဝဝ၆ နှစ်က မိုးကုတ်မြို့၊ သဟာယ စာကြည့်တိုက်ရဲ့ ပထမဦးဆုံး သဟာယ စာပေဆုကို (ငြိမ်သက်တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ) စာအုပ်ဖြင့် ရရှိခဲ့သည်။ အမျိုးသားစာပေဆုကို ‘ထက်မြက်သောဓားသွား ပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်ဖြင့် ၂၀၁၆ ခုနှစ်အတွက် ရရှိခဲ့သည်။

ပန်းချီ ရေးဆွဲခြင်းကို ဝါသနာပါ၍ ဝတ္ထု သရုပ်ဖော်ပုံများကို ကိုယ်တိုင် ရေးဆွဲခဲ့သည်။ ညီပုလေးသည် ဓာတ်ပုံရိုက်ကူးခြင်း၌လည်း ဝါသနာထုံကာ ကိုယ် တိုင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ပြပွဲများကိုလည်း ဓာတ်ပုံ -ငြိမ်းချမ်းစိမ်းလန်း အမည်ဖြင့် မန္တလေးတွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဇနီးမှာ ဒေါ်တင်တင်ဝင်း ဖြစ်၍ သားသမီး သုံးယောက် ရှိသည်။

၂၀၁၂-ခု ဆဋ္ဌမ အကြိမ်မြောက် တော်ဘုရားလေး (အောင်ဇေ)စာပေဆုတွင် တတိယမြို့တော်သားရဲ့အလွမ်း အမည်ဖြင့် ဝတ္တုတိုဆု ရရှိခဲ့သည်။

ဇွန်၂၁ ဇွန် ၊၂၀၂၃၊ နံနက်ပိုင်း၊ နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/23/15496/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 22, 2023 5:06 下午
下一篇 6月 23, 2023 11:05 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....