ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်းသံသယရှိသူတရုတ်နိုင်ငံသား၆ဦးအားလွှဲပြောင်း

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသား ၆ ဦးအား လွှဲပြောင်း

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်းသံသယရှိသူတရုတ်နိုင်ငံသား၆ဦးအားလွှဲပြောင်း

အွန်လိုင်းကတဆင့် ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသား ၆ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးပြီးနောက် တရုတ်နိုင်ငံသို့ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ ၆ ဦးကို မြန်မာ-ထိုင်းနယ်စပ်၌ တရုတ်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ဆက်သွယ်ရေးလိမ်လည်မှုနှိမ်နင်းရေးလှုပ်ရှားမှုအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှု၊ အထူးသဖြင့် လိမ်လည်မှု၊ လောင်းကစား ရာဇဝတ်မှုများကို တရုတ်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ပူးပေါင်းနှိမ်နင်းလျက်ရှိသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် လက်တွေ့ကျသော တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ပြီး ယင်းကဲ့သို့ ပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာနှိမ်နင်းကာ ပြည်သူလူထု၏ ပိုင်ဆိုင်မှုများ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/22/%e1%80%86%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%9a%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%9c%e1%80%ad%e1%80%99%e1%80%ba%e1%80%9c%e1%80%8a%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%bb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 20, 2023 4:15 下午
下一篇 6月 23, 2023 11:04 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....