သီတဂူဆရာတော်က ဆန်အိတ်(၁၀၀၀)လှူဒါန်း

ရခိုင်လေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်က ဆန်အိတ်(၁၀၀၀)လှူဒါန်း

သီတဂူဆရာတော်က ဆန်အိတ်(၁၀၀၀)လှူဒါန်း

ရခိုင်ပြည်နယ်တွင် တိုက်ခတ်သွားသော မိုခါမုန်တိုင်းကြောင့် ဒုက္ခရောက်သွားသော မုန်တိုင်းဘေးသင့် ပြည်သူများအတွက် အဘိဓဇမဟာရဋ္ဌဂုရု သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိသရက ဆန်အိတ်ပေါင်း (၁ဝဝဝ)ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

သီတဂူဆရာတော်က ဆန်အိတ်(၁၀၀၀)လှူဒါန်းသီတဂူဆရာတော်က ဆန်အိတ်(၁၀၀၀)လှူဒါန်း

လေဘေးသင့်ပြည်သူများအတွက် မေလ(၂၃)ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီက ဒဂုံဆိပ်ကမ်းတွင် ဆန်တစ်တင်းခွဲအိတ် အိတ်ပေါင်း(၁၀၀၀)ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ လှူဒါန်းပွဲသို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရပြီး သီတဂူဆရာတော်ကြီးက တက်ရောက်လာသူများအား ငါးပါးသီလချီးမြှင့်ကာ၊ ဆန်တစ်တင်းခွဲအိတ်(၁ဝဝဝ) အား ရခိုင်ပြည်သူများအတွက် ရေစက်သွန်းချလှူဒါန်းခဲ့ကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။

အလားတူ မေလ(၁၅)ရက်နေ့ကလည်း ကျပ်သိန်း တစ်ထောင် လှူဒါန်းခဲ့ကြောင်း သိရသည်။

အညာသား (စစ်ကိုင်း)

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/26/%e1%80%9e%e1%80%ae%e1%80%90%e1%80%82%e1%80%b0%e1%80%86%e1%80%9b%e1%80%ac%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%80-%e1%80%86%e1%80%94%e1%80%ba%e1%80%a1%e1%80%ad%e1%80%90%e1%80%ba%e1%81%81%e1%81%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 26, 2023 4:13 下午
下一篇 5月 26, 2023 4:14 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....