တရုတ်နိုင်ငံကြက်ခြေနီအသင်းက မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁ သိန်း လှူဒါန်းပေးအပ်
တရုတ်နိုင်ငံကြက်ခြေနီအသင်းသည် မေလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းထံသို့ လက်ငင်းငွေကူညီမှု အမေရိကန်ဒေါ်လာ ၁ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းငွေသည် ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် မုန်တိုင်းဒဏ်သင့်သည့် ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ကူညီပံ့ပိုးပေးရန်အတွက် ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ လတ်တလောတွင် ကြုံတွေ့ခဲ့သည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဘေးအန္တရာယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရ သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများအား နှစ်သိမ့်အားပေးလိုပါကြောင်း၊ ချစ်ကြည်ရင်းနှီးသည့်အိမ်နီးချင်းနိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ညီအစ်ကိုအနေဖြင့် တရုတ်နိုင်ငံသည် ရှေးဦးစွာ မြန်မာနိုင်ငံထံသို့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံကြက်ခြေနီအသင်းသည်လည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံသို့ ကူညီမှုများပေးအပ်ခဲ့ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီ၍ အေးအတူပူအမျှဖြစ်သည့် အေးအတူပူအမျှအသိုက်အဝန်း စိတ်ဓာတ်ကို အပြည့်အဝ ပေါ်လွင်စေကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏လိုအပ်ချက်အရ မိမိတတ်နိုင်သမျှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆက်လက်ပေးအပ်သွားကာ ဒေသခံပြည်သူများ ယာယီအခက်အခဲများကိုကျော်ဖြတ်၍ ဆောလျင်စွာ အိမ်ရာပြန်လည်တည်ဆောက်ရန် ကူညီသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
မြသုခ
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/26/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%b1%e1%80%94%e1%80%ae%e1%80%a1/