သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်း နွေစပါး (၄၅)ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီ

သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်း နွေစပါး (၄၅)ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီး

သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်း နွေစပါး (၄၅)ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်း နွေစပါး (၄၅)ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ကသိရသည်။

ရွှေဘိုခရိုင် ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦးနှင့် ဒီပဲယင်းမြို့နယ်များအတွင်း နွေစပါးဧက ၂၅၀၀၀၀ ကျော်စိုက်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ဇွန်လပထမပတ်ကုန်က ဧက ၁၁၀၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကာ ဆက်လက်စိုက်ပျိုးနေကြောင်းသိရသည်။

ရွှေဘိုနှင့်ရေဦးခရိုင်များတွင် သဖန်းဆိပ်ဆည်ရေဖြင့် စိုက်ပျိုးခြင်းဖြစ်သည့်အတွက် အခြားနေရာများထက် စိုက်ပျိုးချိန်နောက်ကျပြီး ဆည်ရေလုံလုံလောက်လောက်ရသည့်အတွက် စိုက်ပျိုးရန် အဆင်ပြေကြောင်း သိရသည်။

သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်း နွေစပါး (၄၅)ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီသဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်း နွေစပါး (၄၅)ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီ

သဖန်းဆိပ်ဆည်ရေဖြင့် နွေစပါးကို ရွှေဘိုမြို့နယ်တွင် ဧက ၅၃၀၀၀ ခန့်၊ ခင်ဦးမြို့နယ်တွင် ဧက ၂၀၀၀၀ ကျော်၊ ဝက်လက်မြို့နယ်တွင် ဧက ၇၇၀၀ ကျော်၊ ရေဦးမြို့နယ်တွင် ဧက ၇၉၀၀၊ တန်ဆည်မြို့နယ်တွင် ဧက ၇၄၀၀ ကျော်နှင့် ဒီပဲယင်းမြို့နယ်တွင် ဧက ၁၆၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစိုက်ရာသီက မြို့နယ် ၆ခုတွင် ဧက ၁၀၀၈၀၆ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/20/%e1%80%9e%e1%80%96%e1%80%94%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%95%e1%80%ba%e1%80%86%e1%80%8a%e1%80%ba%e1%80%9b%e1%80%b1%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%a7%e1%80%9b%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 12, 2023 11:21 上午
下一篇 6月 22, 2023 5:06 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....