နေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားလိုင်းဂုဏ်ပြုပွဲ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်ဓာတ်အားလွှတ်အောင်မြင်ခြင်း ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကျင်းပ

နေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားလိုင်းဂုဏ်ပြုပွဲ

Power China Resources Limited မှ ရင်းနှီးမြှုပ်နှံတည်ဆောက်သည့် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ (၃၀ မဂ္ဂါဝပ်) နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်ဓာတ်အားလွှတ်အောင်မြင်ခြင်း ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားအား ဇန်နဝါရီလ ၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu၊ မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်း (CECCM) ဥက္ကဋ္ဌ Mr. Liu Ying၊ တရုတ်-မြန်မာနိုင်ငံမှ တည်ဆောက်မှုတွင်ပါဝင်သည့် ကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တို့က အမှာစကားအသီးသီး ပြောကြားကြသည်။

နေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားလိုင်းဂုဏ်ပြုပွဲနေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားလိုင်းဂုဏ်ပြုပွဲနေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားလိုင်းဂုဏ်ပြုပွဲ

လျှပ်စစ်ဓာတ်အားသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးကြောင်း၊ လက်ရှိတွင် တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံ၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် လျှပ်စစ်ဓာတ်အားလိုင်းချိတ်ဆက် ဓာတ်အားလွှတ်အောင်မြင်ခဲ့ပြီး နှစ်စဉ်ပျမ်းမျှပို့လွှတ်သည့် လျှပ်စစ်ဓာတ်အားပမာဏသည် ကီလိုဝပ်နာရီပေါင်း သန်း ၆၀ ကျော်ရှိကာ ဒေသတွင်းလူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား ထိရောက်စွာမြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။

ထို့နောက် သံအမတ်ကြီး Mr. Chen Hai မှ အမှာစကားပြောကြားရာတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျှပ်စစ်ဓာတ်အားလိုင်းချိတ်ဆက် ဓာတ်အားလွှတ်အောင်မြင်ခြင်းအား ဂုဏ်ပြုခဲ့ပြီး လျှပ်စစ်ဓာတ်အားသည် ပြည်သူလူနေမှုဘဝ၏အရင်းခံ၊ ဖွံ့ဖြိုးတိုးတက်မှု၏အခြေခံ၊ စည်ပင်ဝပြောမှု၏ အရင်းအမြစ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်၌ လျှပ်စစ်ဓာတ်အားလုပ်ငန်း ပမာဏအကြီးမားဆုံးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဖော်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အားလိုအပ်သည့်ပြဿနာကို ဆောလျင်စွာဖြေရှင်းနိုင်ရန် ကူညီပေးကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ၌ လျှပ်စစ်စီမံကိန်းများစွာ တာဝန်ခံတည်ဆောက်ခဲ့ကြောင်း၊ ယခုအကြိမ် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျှပ်စစ်ဓာတ်အားလိုင်းချိတ်ဆက် ဓာတ်အားလွှတ်အောင်မြင်ခြင်းသည် မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသများတွင် လျှပ်စစ်ဓာတ်အားလိုအပ်သည့်ပြဿနာအား ထိရောက်စွာ ဖြေရှင်းပေးပြီး ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်သစ်တွင် မြန်မာနိုင်ငံနှင့်အတူလက်တွဲ၍ ရှေ့သို့ချီတက်ကာ ပူးပေါင်းဆောင်ရွက်မှုရလဒ်များဖြင့် နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်များပြားစွာ အကျိုးဖြစ်ထွန်းစေရန် မိမိတို့မျှော်လင့်ပါကြောင်း ပြောကြားခဲ့ကြောင်း တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/09/%e1%80%94%e1%80%b1%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%a1%e1%80%84%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%95%e1%80%ba%e1%80%85%e1%80%85%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 8, 2023 6:56 上午
下一篇 1月 9, 2023 5:24 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....