မုံရွာသွေးလှူဘဏ်တွင် ပြာသိုလပြည့်အမေနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူ
မုံရွာမြို့၊ ဘုန်းစိုးရပ်၊ အမေနေ့သွေးလှူရှင်အသင်းနှင့် သွေးလှူရှင်များ စုပေါင်း၍ ပြာသိုလပြည့် အမေနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲကို မုံရွာပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်တွင် ဇန်နဝါရီလ ၅ ရက် ပြာသိုလပြည့်နေ့က ပြုလုပ်ကြောင်း သိရသည်။
“ပြာသိုလပြည့် အမေနေ့ ဆိုပြီး ရှိကြပါတယ်။ ကိုယ်ကိုယ်တိုင်လည်း မိမဲ့ဘဝဆိုတော့ အမေကို ကိုယ်လိုတန်ဖိုးထားတဲ့သူတွေ ဖြစ်လာအောင်၊ တန်ဖိုးထားတဲ့သူတွေကလည်း ကိုယ့်အမေ ရှိစဥ် အချိန်ရတုန်း စေတနာ ထက်ထက်သန်သန်နဲ့ ကျွေးမွေး စောင့်ရှောက်ကြဖို့ အဓိကပါ။ ဒါမှ သံသရာခရီးမှာ ဖြောင့်ဖြူးမှာ ဖြစ်ပါတယ်။ အမေကိုယ့်နားရှိရင် အားရှိပါတယ်။ အထူးသဖြင့် တစ်စုံတစ်ခုဖြစ်ရင်တောင် အမေ လို့ခေါ်လိုက်ရရင် ဘာအရသာနဲ့မှ မတူပါဘူး။ အားအင်တွေ ပြည့်ပါတယ်။ ဒါကြောင့်မို့ ကိုယ်လိုပဲ မိဘမဲ့ဘဝတွေ မဖြစ်အောင်၊ မိဘတွေရှိစဥ် မိဘကို တန်ဖိုးထားလာတတ်အောင် အခုလို အခါကြီးရက်ကြီး အမေနေ့မှာ အမေကို အကြောင်းပြုပြီး သွေးလှူဒါန်းပွဲ ပြုလုပ်နေတာပါ” ဟု အမေနေ့သွေးလှူရှင်အသင်း အတွင်းရေးမှူး ဦးကျော်စိန် ကပြောသည်။
ပြာသိုလပြည့်အမေနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ မုံရွာဆေးရုံကြီး သွေးလှူဘဏ်တွင် သွေးလှူကြရာ သွေးလှူရှင်များက သွေးလှူဘဏ်တွင်စု၍ သွေးလှူကြခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် ၂၂ကြိမ်မြောက် သွေးလှူစဥ်က သွေးပုလင်း ၆၅လုံး လှူနိုင်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါနှင့် အခြားအကြောင်းကြောင်းကြောင့် သွေးလှူဒါန်းမှု နည်းခဲ့ကြောင်း သိရသည်။ အသင်းအနေဖြင့် အဖေနေ့၊ အမေနေ့များတွင် စုပေါင်းသွေးလှူဒါန်းရာ ယခင်နှစ်များက သွေးပုလင်း ရာကျော် လှူနိုင်ခဲ့ကြောင်း သိရသည်။
စျာန်ထူးကို
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/08/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c%e1%80%be%e1%80%b0%e1%80%98%e1%80%8f%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%95%e1%80%bc/