ရန်ကုန်မြို့ရှိ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသူထံမှ ငွေကျပ်သိန်း ၈၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့ရှိ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချနေသူထံမှ ငွေကျပ်သိန်း ၈၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၅၇ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလိုကို ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၆ ရက်နေ့ ည ၇ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမကြီးနှင့် ပြည်တော်သာ(၁)လမ်းထိပ်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ထူးခန့်နောင်၊ ပြည့်စုံကျော်မင်း နှင့် ဟိန်းခင်ဇော် တို့ ၃ ဦး မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာသဖြင့်ရှာဖွေရာ ၎င်းတို့သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ် ဆေးပြား ၄ ဒသမ ၆၇ သိန်း သိမ်းဆည်းရမိခဲ့သည်။

ရန်ကုန်မြို့ရှိ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသူထံမှ ငွေကျပ်သိန်း ၈၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဆက်လက်ပြီး ဇွန်လ ၁၇ ရက်နေ့ နံနက် ၁ နာရီအချိန် ဖမ်းမိတရားခံ ပြည့်စုံကျော်မင်း ငှားရမ်းနေထိုင်သည့် ရွှေပြည်သာမြို့နယ်၊ (၈/၄)ရပ်ကွက်၊ ယောမင်းကြီးလမ်းရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၉ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၈၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၅၇ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့ရှိ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/23/%e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%9b%e1%80%be%e1%80%ad-ktv-club-bar-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 23, 2023 11:05 上午
下一篇 6月 23, 2023 11:07 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....