ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ်သို့ တက်ရောက်ခဲ့

ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ်သို့ တက်ရောက်ခဲ့

ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ်သို့ တက်ရောက်ခဲ့

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် (၁၈) ကြိမ်မြောက် တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ် (18th China – ASEAN Culture Forum) သို့ တက်ရောက်ခဲ့ကြောင်း ကြေးမုံသတင်းစာ၏ဖော်ပြချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် နန်နင်းမြို့ချင်ရှုတောင်၊ ကွမ်ရင်မယ်တော်ကျောင်းတိုက်သို့သွားရောက်၍ လက်ထောက်ကျောင်းတိုက် ဆရာတော်ထံ အလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး ညနေပိုင်းတွင် နန်နင်းမြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၌ ကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ်သို့ တက်ရောက်ခဲ့

ထို့နောက် ညနေ ၆ နာရီတွင် 18th China-ASEAN Culture Forum ၏ အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၁၉ ရက်က ကျင်းပပြုလုပ်သည့် 18th China-ASEAN Culture Forum ၌ “Building Smart Libraries and Promotion on Reading” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့်အစီအစဉ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် ဆောင်ရွက်ထားရှိမှုများ နှင့်စပ်လျဉ်း၍ပြောကြားခဲ့ပြီး အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် အမျိုးသားစာကြည့်တိုက် ညွှန်ကြားရေးမှူး ဒေါက်တာကေသီအေးက Special Dialogue အစီအစဉ်တွင် ဝင်ရောက်ဆွေးနွေးခဲ့သည်။

ညနေပိုင်းတွင် ကွမ်ရှီးအမျိုးသားစာကြည့်တိုက်၌ ဆောင်ရွက်သည့် Opening Ceremony of Revival and Reconstruction of the Yongle encyclopedia အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကွမ်ရှီးစာကြည့်တိုက်နှင့် ပြတိုက်များကို လှည့်လည်ကြည့်ရှုခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၀ ရက်က မြန်နှုန်းမြှင့်ရထားဖြင့် နန်နင်းမြို့မှလျှိုကျိုးမြို့သို့ထွက်ခွာခဲ့ပြီး နံနက်ပိုင်းတွင် No.Wang ခရုခေါက်ဆွဲထုတ်လုပ်မှု စက်ရုံ၊ လျှိုကျိုးစာပေပညာရှင်၏ Liuzhou Shrine ၊ လျှိုကျိုးမြို့ရှိ စက်မှုလုပ်ငန်းပြတိုက်နှင့် Bauhinia Culture Creative Gallery exhibition hall များသို့ သွားရောက်လေ့လာခဲ့ပြီး ညနေပိုင်းတွင် လျှိုကျိုးမြို့တော်ဝန်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး လျှိုကျိုးမြို့၏ ညရှုခင်းကို မြစ်အတွင်းမှသင်္ဘောဖြင့် လေ့လာကြည့်ရှုကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၁ ရက်က လျှိုကျိုးမှ နန်နင်းသို့ မြန်နှုန်းမြှင့်ရထားဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ထိုမှတစ်ဆင့် ကူမင်းလေဆိပ်သို့ရောက်ရှိခဲ့ရာ တရုတ်နိုင်ငံရှိ ရွှေတိဂုံစေတီတော်ပုံတူအားပြင်ဆင်ရန် ကူမင်းမြို့သို့ခေတ္တကြွရောက်လာသော သီတဂူဆရာတော်ကြီးအား ကူမင်းလေဆိပ်ခန်းမဆောင်တွင် ကြိုဆိုဖူးမြော်ခဲ့သည်။

ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် အဖွဲ့ဝင်များသည် ခရီးဆက်လက်ထွက်ခွာမည့် သီတဂူဆရာတော်ကြီးကို ကူမင်းလေဆိပ်သို့ သွားရောက် ပို့ဆောင်ဖူးမြော်ခဲ့ပြီး လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/23/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%af%e1%80%9d%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8-%e1%80%a6%e1%80%b8%e1%80%80%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 23, 2023 11:06 上午
下一篇 6月 26, 2023 11:10 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....