မန္တလေးမြို့မှာ ငွေကျပ် ၂၃၉၆.၁၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ 

မန္တလေးမြို့မှာ ငွေကျပ် ၂၃၉၆.၁၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ 

မန္တလေးမြို့မှာ ငွေကျပ် ၂၃၉၆.၁၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၃၉၆.၁၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်မျာသည် သတင်းအရ သက်သေများနှင့်အတူ ဇူလိုင်လ ၁၂ ရက်နေ့ ၁၂၃၀ အချိန်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၅ လမ်း၊ ၄၂ နှင့် ၄၃ လမ်းကြားတွင် ဆွတ်ရိန်အောင် မောင်းနှင်ပြီး အောင်ပြည့်ဖြိုး(ခ)ကိုပြည့် နှင့် စိုင်းစိုင်းကောင်းမြတ် တို့လိုက်ပါလာသည့် KIA OPTIMA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၄ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁.၆ သိန်း)၊ အက်တက်စီဆေးပြား ၃ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၅ သိန်း)၊ Happy Water အလေးချိန် ၁၀ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၂ သိန်း) နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ၁၃၃၀ အချိန်တွင် ဆွတ်ရိန်အောင် နေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀၄ လမ်းနှင့် ၁၀၇ လမ်းကြားရှိ နေအိမ်အတွင်းမှ ကက်တမင်း အလေးချိန် ၈၃၄.၅ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၃၃.၈ သိန်း)၊ အက်တက်စီဆေးပြား ၁၉၈၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၉၀ သိန်း)၊ Happy Water အလေးချိန် ၈၈၀ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၀၅၆ သိန်း)နှင့် အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၅ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁.၂၅ သိန်း) တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသည့် ဆွတ်ရိန်အောင်(၂၆)နှစ်၊ အောင်ပြည့်ဖြိုး(ခ)ကိုပြည့်(၃၄)နှစ် နှင့် စိုင်းစိုင်းကောင်းမြတ်(၂၀)နှစ်တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/14/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%be%e1%80%ac-%e1%80%84%e1%80%bd%e1%80%b1%e1%80%80%e1%80%bb%e1%80%95%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 14, 2023 10:28 上午
下一篇 7月 17, 2023 10:46 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....