ပြည်ထောင်စုဝန်ကြီး Asia-Chinaအတွင်းရေးမှူးချုပ်တို့တွေ့

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်ဗဟိုဌာန၊ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး Asia-Chinaအတွင်းရေးမှူးချုပ်တို့တွေ့

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ်ဖြင့် ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်ဗဟိုဌာန၏ အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၂၀ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုသို့တွေ့ဆုံစဉ် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးကို အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဖော်ဆောင်ရာတွင် အာဆီယံ-တရုတ်ဗဟိုဌာနအနေဖြင့် ဦးစားပေး နယ်ပယ်(၆)ခုဖြစ်သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍများအောက်မှ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

ထို့အတူ မြန်မာနိုင်ငံမှ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးနိုင်ငံအနေဖြင့် တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် သမိုင်းမှတ်တိုင်များ၊ အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံ-တရုတ်လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)နှင့် နောက်ဆက်တွဲ အစီအစဉ်အောက်ရှိ နယ်ပယ်စုံ၊ ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် အကောင်အထည်ဖော်ရေး၊ အာဆီယံ-တရုတ်ဗဟိုဌာနမှ ဆောင်ရွက်လျက် ရှိသည့် အစီအစဉ်များနှင့် စီမံကိန်းများနှင့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်း၍ အဓိပ္ပါယ်ပြည့်ဝပြီး နှစ်ဖက်အကျိုးရှိသည့် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/27/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%af%e1%80%9d%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8-asia-china%e1%80%a1%e1%80%90%e1%80%bd/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 27, 2023 11:08 上午
下一篇 7月 27, 2023 11:19 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....