နှစ်သောင်းကျပ်တန် ငွေစက္ကူထုတ်ဝေမည်

နှစ်သောင်းကျပ်တန် ငွေစက္ကူထုတ်ဝေမည်

နှစ်သောင်းကျပ်တန် ငွေစက္ကူထုတ်ဝေမည်

မြန်မာငွေနှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားအသစ်ကို ယခုလကုန် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါနှစ်သောင်းကျပ်တန်ငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူများအနက် ဟောင်းနွမ်းပြီး လှည့်လည်သုံးစွဲရန် မသင့်သော ငွေစက္ကူအမျိုးအစားအသီးသီးတို့ဖြင့် တန်ဖိုးတူလဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါငွေစက္ကူအရွယ်အစားမှာ အလျား ၁၅ စင်တီမီတာနှင့် အနံ ၇ စင်တီမီတာရှိကြောင်း၊ ပေါ်လွင်အရောင်မှာ အစိမ်းနှရောင်ဖြစ်ကြောင်း၊ မျက်နှာစာဘက်တွင် ငွေစက္ကူ၏ထိပ်ပိုင်း၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာတန်းရိုက်နှိပ်ထားကြောင်း၊ မျက်နှာစာဘက်အလယ်ပိုင်းတွင် ရတနာဆင်ဖြူတော်ပုံရိုက်နှိပ်ထားပြီး ငွေစက္ကူ၏လက်ယာဘက်တွင် ငွေစက္ကူတန်ဖိုးကို မြန်မာစာသားဖြင့် နှစ်သောင်းကျပ်ဟုဖော်ပြထားကြောင်း၊ လက်ဝဲဘက်တွင် ဆင်ဖြူတော်ဦးခေါင်းပုံရေစာပါရှိပြီး၊ အမြင်အာရုံ ချို့ယွင်းသူများအထိအတွေ့ဖြင့် အာရုံခံသိရှိနိုင်သည့်မျဉ်းတို ၁၂ ချောင်းစီကို ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် ရိုက်နှိပ်ထားကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ငွေစက္ကူကျောဘက်တွင် စစ်ကိုင်းတံတားပုံနှင့် ဧရာဝတီတံတား (ရတနာပုံ) အားရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ CENTRAL BANK OF MYANMAR စာတန်း၊ အောက်ပိုင်း၌ TWENTY THOUSAND KYATS ဟူသော စာတန်းများရိုက်နှိပ် ထားကြောင်း၊ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏တန်ဖိုးများကို မြန်မာ၊ အင်္ဂလိပ်ဂဏန်းများဖြင့် ရိုက်နှိပ်ထားကြောင်း၊ နောက်ကျောဘက်တွင် ရှုထောင့်အမျိုးမျိုးမှပြောင်းလဲကြည့်လျှင် ရွှေရောင်မှအစိမ်းရောင်သို့ ပြောင်းလဲသော Colour Shift လုံခြုံရေးကြိုးကို ဒေါင်လိုက်မြှုပ်နှံထည့်သွင်းထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမည့် သတင်းကြောင့် ရွှေဆိုင်အများစုနှင့် ဒေါ်လာအရောင်းများ ပိတ်ထားကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/27/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%95%e1%80%ba%e1%80%90%e1%80%94%e1%80%ba-%e1%80%84%e1%80%bd%e1%80%b1%e1%80%85%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 27, 2023 11:02 上午
下一篇 7月 27, 2023 11:16 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....