မုံရွာမြို့၏ အိမ်ခြံမြေအရောင်းအဝယ် အနည်းငယ် ပြန်ဖြစ်လာ

မုံရွာမြို့၏ အိမ်ခြံမြေအရောင်းအဝယ် အနည်းငယ် ပြန်ဖြစ်လာ

မုံရွာမြို့၏ အိမ်ခြံမြေအရောင်းအဝယ် အနည်းငယ် ပြန်ဖြစ်လာ

မုံရွာမြို့၏ အိမ်ခြံမြေစျေးကွက်တွင် လွန်ခဲ့သည့် ၆လကထက် အရောင်းအဝယ် အနည်းငယ် ပြန်ဖြစ်လာကြောင်း မုံရွာအိမ်ခြံမြေအကျိုးဆောင် ကိုတင်ထွန်းဝင်း ထံမှသိရသည်။

“လူနေစိတ်တဲ့ ရပ်ကွက်တွေမှာ သိန်း ၂၀၀၊ ၃၀၀နဲ့ ရွေ့ပြောင်းနေထိုင်သူတွေ ဝယ်နေကြတာများတယ်။ ငွေပေါ်ချင်တဲ့သူတွေက လျော့စျေးနဲ့ ရောင်းလာကြတယ်။ သိန်း ၁၀၀၀ လောက် ပေါက်ပေမယ့် ငွေပေါ်ချင်တော့ ၉၀၀ လောက်နဲ့ လျော့ရောင်းကြတယ်။ တောင့်ခံနိုင်သူတွေကတော့ ကြိုက်စျေးရမှ ရောင်းကြတာပေါ့။ လွန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်က ဝယ်ထားကြသူတွေက ပေါက်စျေးထက် လျော့ရောင်းနေကြတယ်။ လျော့ရောင်းတာတောင် မြတ်နေကြပြီလေ။ ဂရန်ဝင်းတွေ အရောင်းအဝယ် ပိုဖြစ်တယ်။ သိန်း ၅၀၀၊ ၆၀၀ ဂရန်ဝင်းတွေ အရောင်းအဝယ် ဖြစ်ကြပါတယ်။” ဟု ကိုတင်ထွန်းဝင်း ကပြောသည်။

မုံရွာမြို့၏ အိမ်ခြံမြေအရောင်းအဝယ် အနည်းငယ် ပြန်ဖြစ်လာ

မုံရွာမြို့အိမ်ခြံမြေစျေးကွက်တွင် လွန်ခဲ့သည့်နှစ်များက တစ်ရက်လျှင် အိမ်ဝင်း ၂ဝင်း၊ ၃ဝင်း အရောင်းအဝယ်တည့်ခဲ့ရာမှ လက်ရှိတွင် တစ်လမှ ၂ဝင်း၊ ၃ဝင်း တည့်ရန် ခက်ခဲလာကြောင်း သိရသည်။ မုံရွာမြို့တွင် အိမ်ဝင်းဝယ်မည့်သူအများစုသည် နိုင်ငံရေးအခြေအနေကြောင့် ပြင်ဦးလွင်၊ မန္တလေးမှ အိမ်ဝင်းများကို သွားရောက်ဝယ်ယူနေမှုများ ရှိနေကြောင်းသိရသည်။

“မုံရွာတစ်မြို့လုံး အရောင်းအဝယ် အေးနေတာပါ။ သိန်း ၃ထောင်အထက် ဝယ်ဖို့စဥ်းစားသူတွေက မန္တလေးသွားဝယ်ကြတယ်။ သိန်း ၇၀၀၊ ၈၀၀ ဆိုလည်း ပြင်ဦးလွင်သွားဝယ်ကြတယ်။” ဟု ကိုတင်ထွန်းဝင်း ကပြောသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/27/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%81%8f-%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%81%e1%80%bc%e1%80%b6%e1%80%99%e1%80%bc%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 25, 2023 4:19 下午
下一篇 7月 27, 2023 11:08 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....