တရုတ်နိုင်ငံအစိုးရမှလှူဒါန်းသည့် မုန်တိုင်းသင့်ဒေသများအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံအစိုးရမှလှူဒါန်းသည့် မုန်တိုင်းသင့်ဒေသများအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံအစိုးရမှလှူဒါန်းသည့် မုန်တိုင်းသင့်ဒေသများအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံမုန်တိုင်းသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်း၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ သံမှူး Mr. Ouyang Daobing တို့ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ၌ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံသို့ ယွမ် ၉ သန်းတန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများနှင့် ငွေသား ယွမ် ၁ သန်းကို လှူဒါန်းခဲ့သည်ဟု မြန်မာနိုင်ငံ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုအကြိမ်သည် ဒုတိယအသုတ်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၁၉၀ ပါရှိကာ ၎င်းပစ္စည်းများတွင် စားသောက်ကုန်၊ ရေသန့်ဆေးပြား၊ ပိုးသတ်ဆေးပြား၊ ရေစုပ်စက်၊ မီးစက်၊ သယ်ဆောင်ရလွယ်ကူသော ဆိုလာမီးလုံး၊ ရွက်ဖျင်တဲ စသဖြင့် ပါဝင်သည်။

တရုတ်နိုင်ငံအစိုးရမှလှူဒါန်းသည့် မုန်တိုင်းသင့်ဒေသများအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

အဆိုပါပစ္စည်းများသည် သဘာဝဘေးသင့်ဒေသများရှိ ပြည်သူများ၏ ထုတ်လုပ်မှုနှင့် နေထိုင်မှုဘဝများ ပြန်လည်ထူထောင်ရေးအတွက် များစွာအရေးပါပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ဖော်ပြနေကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/27/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%99%e1%80%be%e1%80%9c%e1%80%be/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 27, 2023 11:16 上午
下一篇 7月 27, 2023 4:15 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....