ကျွန်းလှမြို့နယ်ရှိ မြေပဲစိုက်ခင်းများ နှစ်စဥ် အထွက်နှုန်းကောင်းမွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိမြေပဲစိုက်ခင်းများ နှစ်စဥ် အထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
မြေပဲစိုက်ခင်းများအတွင်း ကျောက်မှုန့်မြေသြဇာဂျစ်ပဆမ် စနစ်တကျ ထည့်သွင်းအသုံးပြုသည့်အတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကာ အထွက်နှုန်းကောင်းသည့်အပြင် မြေပဲတောင့်ကြီးထွားကာ အစေ့အဆန်ပြည့်တင်းသည့် အကျိုးကျေးဇူးများ ရကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ် မိုးသီးနှံစိုက်ပျိုးရာသီက ကျွန်းလှမြို့နယ်တွင် မိုးမြေပဲစိုက်ပျိုးမှု ၂၀၂၂ခု ဇွန်လမှ စက်တင်ဘာလအထိ စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းသည့် မြေပဲဧက ၇၂၇၀ ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကျွန်းလှမြို့နယ်အတွင်း မိုးမြေပဲစိုက်ဧက ၇၂၁၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီထံမှသိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/02/%e1%80%80%e1%80%bb%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%9c%e1%80%be%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%9b%e1%80%be%e1%80%ad-%e1%80%99%e1%80%bc%e1%80%b1/