ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ၌ အင်အားအသင့်အတင့် ရှိ ငလျင်လှုပ်ခတ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ၌ အင်အားအသင့်အတင့် ရှိ ငလျင်လှုပ်ခတ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ၌ အင်အားအသင့်အတင့် ရှိ ငလျင်လှုပ်ခတ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသတွင် ၂၀၂၃ခုနှစ် မေလ (၃၁)ရက်နေ့၊ ညနေ (၅)နာရီ၊ (၅၀)မိနစ်၊ (၂၂)စက္ကန့် အချိန်က အင်အားရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ အင်အားအသင့်အတင့် ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။

ကသာမြေငလျင်စခန်းမှ မြောက်-အနောက်မြောက် (၆၈)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟိုပင်မြို့၏ အနောက်မြောက် (၂၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၁၇)ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် (၉၆.၂၂) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ အင်အားအသင့်အတင့် ရှိသော မြေငလျင်တစ်ခု မေလ (၃၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၅၀)မိနစ်၊ (၂၂)စက္ကန့် အချိန်က လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် အင်တော်ကြီးတွင် အချို့နေရာ၌ မြေကွဲအက်မှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကာ မိုင်းနောက်ရွာတွင်လည်း အုတ်တံတိုင်းပြိုကျ ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများအရ သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/02/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%81%8a-%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%8a%e1%80%be%e1%80%84%e1%80%ba%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 31, 2023 11:14 上午
下一篇 6月 2, 2023 4:19 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....