တရုတ်ဘက်ကချိပ်ပိတ်မြန်မာကုန်သည်များနစ်နာမှုရှိ

မြန်မာ့ ပဲ၊ နှမ်း တန်ချိန် ၁၀,၀၀၀ ကျော်ကို တရုတ်ဘက်က ချိပ်ပိတ်သိမ်းဆည်းခဲ့သဖြင့် မြန်မာကုန်သည်များ နစ်နာမှုရှိနေကြောင်း စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်

တရုတ်ဘက်ကချိပ်ပိတ်မြန်မာကုန်သည်များနစ်နာမှုရှိ

တရုတ်နိုင်ငံ ဝမ်တိန်မြို့ရှိ ဂိုဒေါင်သို့ တင်ပို့ထားသည့် မြန်မာ့ ပဲ၊ နှမ်း တန်ချိန် ၁၀,၀၀၀ ကျော်ကို တရုတ်ဘက်က ချိပ်ပိတ်သိမ်းဆည်းခဲ့သဖြင့် မြန်မာကုန်သည်များ နစ်နာမှုရှိနေကြောင်း မေလ ၃၀ ရက်နေ့က မန္တလေးမြို့၊ ချမ်းအေးသာစံမြိုနယ်ရှိ ကုန်သည်ပွဲစား ကထိန်တော်အသင်းခန်းမ၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲက သိရသည်။

မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံ ၊ ဝမ်တိန်မြို့ရှိ ဂိုဒေါင်သို့တင်ပို့ထားသော မြန်မာ့ ပဲ၊ နှမ်း တန်ချိန် ၁၀,၀၀၀ ကျော်ကို အခွန်အပြည့်အဝ မပေးဆောင်ခြင်းဟူသည့် အကြောင်းပြချက်ဖြင့် တရုတ်ဘက်မှ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး ယခုအခါ လေလံတင်ရောင်းချရန် စီစဉ်နေသည်ဟု နစ်နာသူကုန်သည်များက ပြောသည်။

လေလံတင်ရောင်းချမည့်အကြောင်းကို တရုတ်ဘက်က ပြီးခဲ့သည့်ရက်ပိုင်းက စာထုတ်ပြန်ခဲ့ကြောင်းနှင့် မည်သည့်နေ့ရက်တွင် လေလံတင်မည်ဆိုသည်ကိုမူ မသိရသေးကြောင်း ကုန်သည်များက ပြောသည်။

တရုတ်ဘက်ကချိပ်ပိတ်မြန်မာကုန်သည်များနစ်နာမှုရှိတရုတ်ဘက်ကချိပ်ပိတ်မြန်မာကုန်သည်များနစ်နာမှုရှိ

“ကျွန်တော်တို့က ဒီကုန်တွေကို အခွန်အဆင့်ဆင့် အပြည့်အဝဆောင်ပြီးမှ တရုတ်နိုင်ငံဘက်ကို တင်သွင်းတာ ဖြစ်ပါတယ်။ ဒီလိုပို့ဆောင်နေတယ်ဆိုတာလည်း အခုမှမဟုတ်ပါဘူး။ ကျွန်တော်တို့ နယ်စပ်ကနေပို့လာတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ကိုဗစ်ကာလပြီးမှ အခုလိုဖြစ်ရတာ”ဟု ကုန်သည်များကပြောသည်။

အဆိုပါ ကုန်စည်များမှာ နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ ရောက်သည့်အခါတွင် တရုတ်ကုမ္ပဏီနာမည်ခံပြီး တင်သွင်းရခြင်းကြောင့် တရုတ်ဘက်က ပိုင်ဆိုင်သည့် ကုန်စည်များ ဖြစ်ကြောင်း ပြောဆိုနေသော်လည်း မြန်မာနိုင်ငံမှ ကုန်သည်များ ပိုင်ဆိုင်သည့် ပစ္စည်းများသာ ဖြစ်ကြောင်း ကုန်သည်များကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ တရုတ်ကောင်စစ်ဝန်ရုံး အပါအဝင် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဌာနများသို့ တင်ပြအကူအညီတောင်းခံထားပြီး နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ပေးရန် မျှော်လင့်ထားကြောင်း သိရသည်။

ချိန်ပိတ်သိမ်းဆည်းခံရသည့် ပို့ကုန် ပဲမျိုးစုံ၊ နှမ်းနှင့် ပရဆေးပစ္စည်းများသည် မြန်မာကုန်သည် ၄၀ ကျော်၏ ပိုင်ဆိုင်မှုများဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၃၀၀,၀၀၀ ဖိုးခန့် ရှိကြောင်း စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/02/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%98%e1%80%80%e1%80%ba%e1%80%80%e1%80%81%e1%80%bb%e1%80%ad%e1%80%95%e1%80%ba%e1%80%95%e1%80%ad%e1%80%90%e1%80%ba%e1%80%99%e1%80%bc%e1%80%94%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 2, 2023 4:19 下午
下一篇 6月 6, 2023 10:33 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....