The Buddhist Association of Yunnan Province မှ အလှူငွေလှူဒါန်း

“မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများအတွက် တရုတ်နိုင်ငံ The Buddhist Association of Yunnan Province မှ အလှူငွေလှူဒါန်း

The Buddhist Association of Yunnan Province မှ အလှူငွေလှူဒါန်း

“မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်း ဘေးသင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံ The Buddhist Association of Yunnan Province မှ တရုတ်ယွမ်ငွေ စုစုပေါင်း ၆.၁ သိန်း (မြန်မာကျပ်ငွေ သိန်း ၂၄၀၀ ကျော်ခန့်) လှူဒါန်းကြောင်း သိရသည်။

The Buddhist Association of Yunnan Province မှ အလှူငွေလှူဒါန်းThe Buddhist Association of Yunnan Province မှ အလှူငွေလှူဒါန်း

အဆိုပါအလှူငွေများကို တရုတ်နိုင်ငံ ကူမင်းမြို့ ၊ Yuan Tong ဘုရားကျောင်း၌ ဇွန်လ ၁ ရက်နေ့က အခမ်းအနားဖြင့် ပေးအပ်လှူဒါန်းခဲ့ရာ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် မှ အလှူငွေများ လက်ခံရယူကာ ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့သည်။

မြန်မာကောင်စစ်ဝန်ချုပ် မှ “မိုခါ”မုန်တိုင်းကြောင့် ပြည်သူများ၏ အသက်အိုးအိမ် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ယခုကဲ့သို့ လူသားချင်း စာနာထောက်ထားစွာဖြင့် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံခဲ့ရသည့် ပြည်သူများ၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီပံ့ပိုးပေးမှုအတွက် မြန်မာနိုင်ငံ အစိုးရကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပြီး အလှူငွေများကို မြန်မာနိုင်ငံသို့ ဆက်လက် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/06/the-buddhist-association-of-yunnan-province-%e1%80%99%e1%80%be-%e1%80%a1%e1%80%9c%e1%80%be%e1%80%b0%e1%80%84%e1%80%bd%e1%80%b1%e1%80%9c%e1%80%be%e1%80%b0%e1%80%92%e1%80%ab%e1%80%94%e1%80%ba%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 2, 2023 4:19 下午
下一篇 6月 6, 2023 10:33 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....