မန္တလေးတွင်၂၆၄၁.၂သိန်းစိတ်ပြောင်းဆေးဝါးဖမ်းမိ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ငွေကျပ် ၂၆၄၁.၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ 

မန္တလေးတွင်၂၆၄၁.၂သိန်းစိတ်ပြောင်းဆေးဝါးဖမ်းမိ

ဇူလိုင်လ ၂၄ ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ငွေကျပ် ၂၆၄၁.၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က သတင်းအရ သက်သေများနှင့်အတူ ချမ်းအေးသာစံမြို့နယ်၊ ၈၀ လမ်း၊ ၃၃ နှင့် ၃၄ လမ်းကြားတွင် မြင့်ကိုဦး(ခ)အားရှင် မောင်းနှင်လာသည့် Suzuki Swift အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၅၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၃၀)၊ ကက်တမင်းအလေးချိန် ၃၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂ သိန်း)နှင့် Happy Water အလေးချိန် ၁၂၆ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၅၁.၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါနေ့ ည ၇ နာရီအချိန်တွင် ၎င်းနေထိုင်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၉(ဘီ)လမ်း၊ ၅၈ နှင့် ၅၉ လမ်းကြားရှိ နေအိမ်အတွင်းမှ အက်တက်စီဆေးပြား ၂၆၆၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၅၉၆ သိန်း)၊ ကက်တမင်းအလေးချိန် ၆၃၀ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၅၂ သိန်း)နှင့် Happy Water အလေးချိန် ၅၀၀ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၆၀၀)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထိုသို့သိမ်းဆည်းရမိသည့်အတွက် မြင့်ကိုဦး(ခ)အားရှင်(၂၈)နှစ်အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/01/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%81%82%e1%81%86%e1%81%84%e1%81%81-%e1%81%82%e1%80%9e%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%85/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 1, 2023 7:19 下午
下一篇 8月 1, 2023 7:30 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....