ရန်ကုန်-မန္တလေးအမြန်လမ်းမှာစိတ်ကြွဆေးပြားဖမ်းဆီးရ

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ငွေကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်း ဖမ်းဆီးရမိ

 

ရန်ကုန်-မန္တလေးအမြန်လမ်းမှာစိတ်ကြွဆေးပြားဖမ်းဆီးရ

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ငွေကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၄/၅) အနီးတွင် မန္တလေးမှ ရန်ကုန်ဘက်သို့ ဇာနည်ထွန်း မောင်းနှင်လာသော PRADO မော်တော်ယာဉ်နှင့် ရှေ့နောက်လိုက်ပါလာသည့် မိုးဟိန်းမောင်းနှင်ပြီး ငြိမ်းချမ်းသူ (ခ) ကျန်ကျောင်း လိုက်ပါလာသော PRADO မော်တော်ယာဉ်တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် သတင်းအရရှာဖွေရာ ၎င်းမော်တော်ယာဉ် ၂ စီးပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကောင်းကောင်း

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/20/a3ec696718/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 17, 2022 11:15 下午
下一篇 4月 23, 2022 3:44 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....