လန်ချန်း-မဲခေါင်MSME Digitalစွမ်းဆောင်ရည်တိုးတက်ရေးဖိုရမ်

လန်ချန်း-မဲခေါင် MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ဖွင့်ပွဲကျင်းပ

လန်ချန်း-မဲခေါင်MSME Digitalစွမ်းဆောင်ရည်တိုးတက်ရေးဖိုရမ်

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့်ပြုလုပ်သည့် လန်ချန်း-မဲခေါင် MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပ၍ ဇူလိုင်လ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပသော အဆိုပါဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ စက်မှုဝန်ကြီးဌာ ဒုတိယဝန်ကြီး ဦးရင်မောင်ညွှန့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing တို့ တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အမှာစကားပြောကြားရာတွင် သံမှူး Mr. Ouyang Daobing က MSME များသည် လက်ရှိ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကတွန်းအားဖြစ်ပြီး လုပ်ငန်းခွင်ဝင်မှု တိုးချဲ့ရေးနှင့် လူနေမှုဘဝကောင်းမွန်လာရေးအတွက် အရေးပါကျားကန်မှု ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ဒေသတွင်း MSME များဖွံ့ဖြိုးတိုးတက်မှုသည် ဒေသတွင်း Industry Chain၊ Supply Chain တည်ငြိမ်မှုထိန်းသိမ်းထားပြီး ကုန်သွယ်မှုအဆင်ပြေချောမွေ့ရေး၊ ဈေးကွက်အပြန်အလှန်ချိတ်ဆက်ရေးကို ထိန်းသိမ်းထားကာ ဒေသတွင်းတစ်သမတ်တည်း ဈေးကွက်ကြီးတည်ဆောက်ရေး၊ နိုင်ငံအသီးသီးပြည်သူများဝင်ငွေနှင့် လူနေမှုဘဝအဆင့်အတန်း မြှင့်တင်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့်ကျင်းပသည့် ယခုအကြိမ်ဖိုရမ်သည် အချိန်အခါသင့်၍ MSME များအတွက် ဉာဏ်ပညာများပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင်MSME Digitalစွမ်းဆောင်ရည်တိုးတက်ရေးဖိုရမ်လန်ချန်း-မဲခေါင်MSME Digitalစွမ်းဆောင်ရည်တိုးတက်ရေးဖိုရမ်

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က မြန်မာနိုင်ငံအစိုးရသည် MSME များကို အလွန်အလေးထားကြောင်း၊ မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လုံလောက်သည့်ကုန်ကြမ်းများ ထောက်ပံ့ပေးကာ အချောကိုင်ခြင်းဖြင့် ကုန်ပစ္စည်းတန်ဖိုး မြှင့်တင်ကာ ပြည်သူများဝင်ငွေ တိုးမြှင့်ပေးနိုင်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာသည် MSME များအတွက် အခွင့်အလမ်းဖန်တီးပေး၍ လုပ်ငန်းများတိုးချဲ့ရေးနှင့် ဈေးကွက်စွမ်းရည် မြှင့်တင်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
ဖိုရမ်သို့ လန်ချန်း-မဲခေါင်နိုင်ငံများ၊ မြန်မာနိုင်ငံတိုင်းနှင့်ပြည်နယ်အသီးသီးမှအရာရှိများ၊ ပညာရှင်များနှင့် MSME ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည့်အပြင် လှုပ်ရှားမှုအစီအစဉ်များလည်းရေးဆွဲခဲ့ကြကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/01/%e1%80%9c%e1%80%94%e1%80%ba%e1%80%81%e1%80%bb%e1%80%94%e1%80%ba%e1%80%b8-%e1%80%99%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%bamsme-digital%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 1, 2023 7:15 下午
下一篇 8月 1, 2023 7:27 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....