မုံရွာ ချောင်းဦးရှိအင်းသို့ချင်းတွင်းမြစ်ရေသွင်း

မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်ရှိ အင်းများအတွင်းသို့ ချင်းတွင်းမြစ်ရေကို ရေတံခါး ၃၀ ကျော်မှ ရေသွင်း

မုံရွာ ချောင်းဦးရှိအင်းသို့ချင်းတွင်းမြစ်ရေသွင်း

မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်ရှိ အင်းများအတွင်းသို့ ချင်းတွင်းမြစ်ရေကို ရေတံခါး ၃၀ ကျော်မှ ရေသွင်းပေးနေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးမှူး ထံမှသိရသည်။

“မုံရွာမြို့အပါအ၀င် တစ်မြို့နယ်လုံး ရေဘေးအန္တရာယ်က ကာကွယ်ရင်း  ချင်းတွင်းမြစ်ကရေလာချိန် မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်က တောင်သူတွေအတွက် နှစ်စဉ် ဆည်မြောင်းက တည်ဆောက်ပြီးသား ရေတံခါး ၃၁ခုကျော် ကိုသုံးပြီး ရေထည့်ပေးနေပါတယ်။ ချင်းတွင်းမြစ်ရေနဲ့ စိုက်ပျိုးကြတာ မုံရွာနဲ့ ချောင်းဦး ၂မြို့နယ်ပေါင်း ဧကပေါင်း ၃၂၆၂၈ ရှိပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးမှူး ကပြောသည်။

မုံရွာ ချောင်းဦးရှိအင်းသို့ချင်းတွင်းမြစ်ရေသွင်း

ချင်းတွင်းမြစ်မှ ရေအလာစောင့်ယူပြီး ရေဖမ်းထိန်းထည့်ပေးထားရာ ဒေသတွင်းငါးသယံဇာတ ပေါကြွယ်၀နေသည့် ချောင်းဦးမြို့နယ် ပေါက်အင်းဒေသတွင် မိုးကုန်ချိန် ရေတံခါးများမှ ရေပြန်ထုတ်အပြီး ပေါ်လာသော အဖိုးတန် နှုန်းတင်မြေနု ဧကပေါင်း ၁၅၀၀၀ကျော်တွင် ဂျုံ ၊ ကုလားပဲများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

“အခုတစ်ပြန် ရေတက်လာတုန်း အမိအရဖမ်းပြီး မုံရွာညောင်ကိုင်းအင်းကို ချင်းတွင်းတာရေတံခါး ကနေ ရေသွင်းနေပါတယ်။ ညောင်ကိုင်းအင်းထဲမှာ ငါးမွေးပြီး ဒေသတွင်းငါးသယံဇာတတွေ ပေါကြွယ်၀ဖို့လည်း တိုင်းအစိုးရကြီးကြပ်အားပေးမှုနဲ့ ဆည်မြောင်းနဲ့ ငါးလုပ်ငန်းဦးစီးဌာန တို့ပေါင်းပြီး ငါးမျိုးစိုက်ထည့်တာ၊ ရေသွင်းတာတွေ လုပ်နေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးမှူး ကပြောသည်။

မုံရွာမြို့နယ်နှင့်ချောင်းဦးမြို့နယ်တို့တွင် အိုးဘိုတောင်အင်း၊ ကန်သာယာအင်း၊ ညောင်ကိုင်းအင်းနှင့် ပေါက်အင်း စသည်တို့ရှိပြီး ချင်းတွင်းမြစ်မှ မြစ်ရေကို အိုးဘိုတောင် ၃ပေါက်တွဲရေတံခါး၊ ဂေါက်ကွင်းရေတံခါး၊ သလ္လာဝတီရေတံခါး၊ ကွေ့ကြီးရေတံခါး၊ ညောင်ကိုင်းအင်းရေတံခါး၊ ညောင်ပင်စောက်ရေတံခါး၊ ညောင်ပင်ရှည်ရေတံခါး၊ တောင်ပုံရေတံခါး၊ ပေါက်ပင်ရေတံခါး၊ စိန်ပန်းရေတံခါး၊ တမာပင်ရေတံခါး၊ လယ်တော်ရေတံခါး၊ ဘုဘရေတံခါး၊ ညောင်ဖြူပင်ရေတံခါး၊ အာကာကျော်ရေတံခါး၊ ကိုးကျောင်းရေတံခါး၊ ကပ်ကျော်ရေတံခါး၊ သစ်ဆိမ့်ရေတံခါး၊ ရွှေဒါးကျရေတံခါး၊ ထန်းတောကြီးရေတံခါး၊ ဘုံတိုရေတံခါး၊ ကြက်သွန်စျေးရေတံခါး၊ ကြောင်ဝပ်ကြီးရေတံခါး၊ ကြောင်ဝပ်လေးရေတံခါး၊ ဆူလေကုန်းရေတံခါး၊ ထိန်ကြိုင်ရေတံခါး၊ အမြင့်ရေတံခါး၊ ရွှေကူရေတံခါး၊ ဝယာရေတံခါးနှင့် ကံကြီးရေတံခါးတို့မှ ရေသွင်းယူခြင်းဖြစ်သည်။

ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်ပြီး ကချင်ပြည် ဟူးကောင်းချိုင့်ဝှမ်း လွင်ပြင်တွင် မြစ်ဖျားခံပြီး တနိုင်း၊ တဗြဲ၊ တဝမ်၊ တရွန်မြစ်များ စုဆုံ၍ ချင်းတွင်းမြစ် ဖြစ်ပေါ်လာသည်။ ချင်းတွင်းမြစ်ကို အိန္ဒိယရှိ မဏိပူရပြည်နယ်တွင် နိုင်းထိမြစ် ဟုခေါ်ကြပြီး မြောက်မှတောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ထိ ရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်သည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/01/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac-%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a5%e1%80%ae%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%a1%e1%80%84%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 1, 2023 7:27 下午
下一篇 8月 1, 2023 7:33 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....