တစ်သျှူးကာချာလ်နည်းစိုက်ပျိုးမှုတောင်သူများလေ့လာ

မွေးမြူရေးအစာ အဲဗားဂရင်းမြက်များကို တစ်သျှူးကာချာလ်နည်းဖြင့် စမ်းသပ်စိုက်ပျိုးမှု အောင်မြင် ဖြစ်ထွန်းနေမှုများကို တောင်သူများလာရောက်လေ့လာ

တစ်သျှူးကာချာလ်နည်းစိုက်ပျိုးမှုတောင်သူများလေ့လာ

မွေးမြူရေးအစာ အဲဗားဂရင်းမြက်များကို တစ်သျှူးကာချာလ်နည်းဖြင့် စမ်းသပ်စိုက်ပျိုးမှု အောင်မြင် ဖြစ်ထွန်းနေမှုများကို ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ တောင်သူကိုယ်စားလှယ်များက မေ ၇ ရက်နေ့ နံနက်ပိုင်းတွင် လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

အဲဗားဂရင်းမြက်များကို မန္တလေးမြို့ ၇၃လမ်းနှင့် ၁၀၀လမ်းမကြီးထောင့်ရှိ ဂရိတ်ဝေါလ် စိုက်ပျိုးရေးသုတေသနခြံတွင် စိုက်နည်းစနစ်မျိုးစုံဖြင့် နှစ်နှစ်ကျော် စမ်းသပ်စိုက်ပျိုးနေပြီး နွားနှင့် ဆိတ်၊ သိုးများကို အဆိုပါမြက်ကျွေးမွေးကာ စီးပွားဖြစ်မွေးမြူလျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး တွဲဖက်လုပ်ကိုင်နေမှုများကို လာရောက်လေ့လာခြင်း ဖြစ်သည်။

မန္တလေးမြို့ ဂရိတ်ဝေါလ်ကုမ္ပဏီမှ အဲဗားဂရင်းမြက်များများကို နှစ်နှစ်ကျော် သုတေသနပြု စမ်းသပ်စိုက်ပျိုးမှုများ ပြုလုပ်ပြီး ဓာတ်ခွဲနမှုနာများအရ ပရိုတိန်းပါဝင်မှုမြင့်မားပြီး မွေးမြူရေး အစားအစာအားဖြင့် အရည်အသွေးကောင်းမွန်ကြောင်း၊ တစ်ကြိမ်စိုက်ပျိုးပြီး ၁၀-၁၅ နှစ်အထိ ပြန်လည်စိုက်ပျိုးရန်မလိုဘဲ အလှည့်ကျရိတ်သိမ်းနိုင်ခြင်း၊ မြက် တစ်ဧကစိုက်ပျိုးထားရှိလျှင် ၂လ တစ်ကြိမ် ၁၅တန်ခန့်ထွက်ရှိပြီး တစ်နှစ်လျှင် အနည်းဆုံးတန် ၉၀ ခန့် ထွက်ရှိကြောင်း၊ မွေးမြူရေးအစာအဖြစ် နွား ၁၈ ကောင် သို့မဟုတ် ဆိတ်အကောင် ၂၂၀ ကို ကျွေးမွေးရန် လုံလောက်ကြောင်းနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲဖက်လုပ်ကိုင်လိုသူတောင်သူများအနေဖြင့် လာရောက်လေ့လာနိုင်ကြောင်း ဂရိတ်ဝေါလ်ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်မောင် က ပြောသည်။

တစ်သျှူးကာချာလ်နည်းစိုက်ပျိုးမှုတောင်သူများလေ့လာတစ်သျှူးကာချာလ်နည်းစိုက်ပျိုးမှုတောင်သူများလေ့လာတစ်သျှူးကာချာလ်နည်းစိုက်ပျိုးမှုတောင်သူများလေ့လာတစ်သျှူးကာချာလ်နည်းစိုက်ပျိုးမှုတောင်သူများလေ့လာ

 “ဒီမြက်ကို စပ်းသပ်စိုက်ပျိုးနေတာ နှစ်နှစ်ကျော်ပါပြီ။ မြန်မာနိုင်ငံမှာ ဒေသအစုံမှာ စိုက်ပျိုးနိုင်ပါတယ်။ မြေသြဇာအသုံးပြုပေါ်မှုတည်ပြီး တစ်ဧက တန် ၁၂၀ ထိ ထွက်ရှိပါတယ်။ တစ်ကြိမ်စိုက်ပြီးရင် ၁၅ နှစ် လှည့်ကြည့်စရာမလိုတော့ဘူး နှစ်လတစ်ကြိမ် ရိတ်ပြီးကျွေးလို့ရတယ်။ ဒီမြက်က အဓိက မွေးမြူရေးအစာ အတွက် ပရိုတိန်း ၁၄ ရာခိုင်နှုန်းပါဝင်လို့ အသားတိုး မွေးမြူရေးအစာအားဖြင့် အရမ်းကောင်းတယ်။ အစာခြေဖျက်နိုင်မှုကလည်း ကောက်ရိုးထက်ကောင်းတယ်။ အဓိကရည်ရွယ်ချက်ကတော့ တောင်သူတွေ မွေးမြူရေးအစာ မြက်စိုက်ပျိုးပြီး ကာလတိုအတွင်း ဝင်ငွေတိုးလာဖို့ ရည်ရွယ်တာပါ။ စိုက်ပျိုးလိုသူတောင်သူတွေဆီ မျိုးနှင့် စိုက်ပျိုးမှုနည်းပညာများကို ဖြန့်ဝေပေးနေပါတယ်။ စိတ်ဝင်စားတဲ့တောင်သူတွေ လာရောက် လေ့လာဖို့ဖိတ်ခေါ်ပါတယ်” ဟု ၎င်းကပြောသည်။

ကုမ္ပဏီ၏ စမ်းသပ်စိုက်ခင်းတွင် အဲဗားဂရင်းမြက်ကို နှစ်ရှည်ပင် ပြည်လုံးချမ်းသာနှင့် ရောနှောကာ စံပြစိုက်ပျိုးထားရှိပြီး တစ်ဧကလျှင် ကာလတိုဝင်ငွေ ရရှိစေရန် မြက်ကို ဒသမ ၇၀ နှင့် အကြီးမြန် ပြည်လုံးချမ်းသာကို စိုက်ခင်းပတ်လည်နှင့် တန်းကြား ပေ ၅၀ အတွင်း နှစ်ရှည်ဝင်ငွေရရှိစေရန် ရောနှောစိုက်ပျိုးထားရှိမှုများကိုလည်းလာရောက်လေ့လာသည့် တောင်သူများကို စိုက်ပျိုးရေး ပညာရှင်များက လိုက်လံပြသ ရှင်းလင်းသည်။

အဲဗားဂရင်းမြက်နှင့် ကောက်ရိုး ၁ ဧကအပေါ် အထွက်နှုန်းနှင့် အာဟာရပါဝင်နှုန်း နှိုင်းယှဉ်ချက်များမှာ အဲဗားဂရင်းမြက်ကို တစ်ကြိမ်စိုက်ပျိုးပြီးလျှင် ၁၅နှစ်ပြန်စိုက်ရန် မလိုအပ်ဘဲ တစ်ဧကလျှင် တစ်နှစ် ၆ ကြိမ်မှ ၈ ကြိမ် ရိတ်သိမ်းနိုင်ပြီး တန် ၁၂၀ ခန့်ထွက်ရှိသည်။ ထွက်ရှိသည့် မြက်အစိုတွင် ပရိုတိန်း ၁၄ရာခိုင်နှုန်း အဆီဓါတ် ၅.၂၅ ရာခိုင်နှုန်းပါဝင်ပြီး၊ မြက်ခြောက်ထုတ်လုပ်လျှင် တန်(၃၀) ထိရရှိသည်။ နွားတစ်ကောင် ကီလို ၂၀ နှုန်း ကျွေးမွေးသဖြင့် အသားတိုးနွား ၁၈ ကောင်ကို ကျွေးမွေးနိုင်သည်။ ဆိတ် တစ်ကောင်လျှင် တစ်ရက် ၃ ကီလိုနှုန်း ကျွေးမွေးသဖြင့် ဆိတ်/သိုးအကောင် ၂၂၀ ကိုကျွေးမွေးနိုင်ကြောင်းကို သုတေသနပြုစမ်းသပ်ချက်များအရ သိရသည်။

အဲဗားဂရင်းမြက်မှာ ဖိုင်ဘာဓာတ် ၁၆ ရာခိုင်နှုန်းသာ ရှိပြီး အစာခြေဖျက်နိုင်မှု ၉၀ရာခိုင်နှုန်းရှိသည်။ စပါးတစ်ဧက ၁ နှစ် ၂ သီးစိုက်ပျိုးလျှင် ကောက်ရိုး ၄တန်ခန့်သာ ထွက်ရှိပြီးကောက်ရိုးခြောက်တွင် ပရိုတန်းပါဝင်မှု ၃.၅၅ အဆီဓါတ် ဝ.၉ ရာခိုင်နှုန်းသာ ပါဝင်ခြင်းကြောင့် မြက် တစ်ဧက ပရိုတိန်းဓာတ် ပါဝင်နှုန်း အဆ ၃၀ ကျော်နှင့် အဆီဓာတ်ပါဝင်မှု ၄၃ ဆ ပိုမိုသည်။ ကောက်ရိုးဖိုင်ဘာဓာတ် ၃၂ ရာခိုင်နှုန်းရှိပြီး အစာခြေဖျက်နိုင်မှု ၅၀ ရာခိုင်နှုန်းသာရှိသည်။ထိုကြောင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့််တွဲဖက်ပြီးမွေးမြူရေးကို စရိတ်သက်သာစွာမွေးမြူနိုင်ပြီးတောင်သူများ အပိုဝင်ငွေရရှိနိုင် ကြောင်းကို သုတေသနပြုမှတ်တမ်းများနှင့်တကွ ရှင်းလင်းပြသခဲ့သည်။

ကောက်ရိုး တစ်နှစ်ထွက်ရှိသော ၄ တန်မှာ နွား ၁.၅ ကောင်သာ ကျွေးမွေးနိုင်သည်။ ကောက်ရိုးတွင် ပရိုတိန်းဓာတ်ပါဝင်နှုန်း နည်းပါသဖြင့် အစာနုပိုမိုသုံးစွဲရသောကြောင့် ကျွေးမွေးစရိတ်ပိုမိုကုန်ကျပြီး အသားတိုးနှုန်းမှာလည်း အဲဗားဂရင်း မြက်ကျွေးမွေးခြင်း၏ ၆၀ ရာခိုင်နှုန်းသာ အသားတိုးကြောင်း ကုမ္ပဏီ၏ နှစ်နှစ်ကျော် စမ်းသပ်ချက်များအရ သိရသည်။

ထိုပြင်လက်ရှိဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးအောင်မြင်နေသည့် ထွက်နှုန်းမြင့် GW3 နှင့် GW11 စပါးမျိုးများထုတ်လုပ်နေမှုများနှင့် အဲဗားဂရင်းမြက်နှင့် ပြည်လုံးချမ်းသာ ရောနှောသစ် တော့စိုက်ခင်း စိုက်ပျိုးထားရှိမှုကိုလည်းရှင်းလင်းပြသခဲ့ကြောင်းသိရသည်။

ရွှေနွယ်ကြိုး

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/15/582e65bccf/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 8, 2022 7:51 上午
下一篇 5月 16, 2022 10:28 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....