တတိယအကြိမ်မြန်မာ-တရုတ်နယ်နိမိတ်ပူးတွဲစစ်ဆေးခြင်း

တတိယအကြိမ် မြန်မာ-တရုတ်နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ကော်မတီ၏ စတုတ္ထကြိမ်အစည်းအဝေးကျင်းပ

တတိယအကြိမ်မြန်မာ-တရုတ်နယ်နိမိတ်ပူးတွဲစစ်ဆေးခြင်း

တတိယအကြိမ် မြန်မာ-တရုတ်နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ အထိ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Kuntai Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်ရှိန် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး၊ တရုတ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်ပင်လယ်သမုဒ္ဒရာ ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာဝမ်ကျင်းဖန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးရေး လုပ်ငန်းအစီအစဉ်၊ နယ်နိမိတ် ပူးတွဲစစ်ဆေးရေးအတွက် အခြေခံရမည့် လုပ်ငန်းလမ်းညွှန်ချက်များ၊ နယ်နိမိတ်တစ်လျောက် ရိုက်ကူးပြီးစီးခဲ့သည့် ကောင်းကင်ဓာတ်ပုံနှင့်စပ်လျဉ်းသည့် နည်းပညာဆိုင်ရာကိစ္စရပ်များကို နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့အကြား ချစ်ကြည်ရင်းနှီးစွာဖြင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ပေကျင်းမြို့သို့ ရောက်ရှိစဉ် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်ရှိန်သည် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာဟုန်းလျန်နှင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး တတိယအကြိမ် နယ်နိမိတ်ပူးတွဲစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး၏ အစည်းအဝေးမှတ်တမ်းအား ဇူလိုင်လ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/03/%e1%80%90%e1%80%90%e1%80%ad%e1%80%9a%e1%80%a1%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 3, 2023 10:35 上午
下一篇 8月 3, 2023 10:40 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....