မန္တလေးမြို့တွင် ငွေကျပ် ၂၇၆၀ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ 

မန္တလေးမြို့တွင် ငွေကျပ် ၂၇၆၀ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ 

မန္တလေးမြို့တွင် ငွေကျပ် ၂၇၆၀ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ဇူလိုင်လ ၃၁ ရက်နေ့က ငွေကျပ် ၂၇၆၀ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၃၁ ရက်နေ့ ည ၈ နာရီက သက်သေများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၁ လမ်း၊ ၅၅ လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသည့် ၀င်းမိုး(ခ)ဉာဏ်မိုးမြင့် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၂၀ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၈ သိန်း)၊ Happy Water အလေးချိန် ၂၅ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၃၀) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

မန္တလေးမြို့တွင် ငွေကျပ် ၂၇၆၀ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ 

ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါနေ့ ည ၉ နာရီခန့်တွင် အဆိုပါ စိတ်ပြောင်းဆေးဝါးများ ရောင်းချသူ သီဟတင်စိုး(ခ)ပေါက်ကိုင်ဖေ အား ၎င်းတည်းခို နေထိုင်သည့် မဟာအောင်မြေမြို့နယ်၊ စကြာနွယ်စဉ်ရပ်ကွက်၊ ၃၅ လမ်း၊ ၇၄ x ၇၅ လမ်းကြားရှိ ဟိုတယ်၊ အခန်း အမှတ် — အတွင်းမှ အက်တက်စီဆေးပြား ၁၅၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၉၀)၊ ကက်တမင်း အလေးချိန် ၂.၀၂ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၈၀၈ သိန်း)၊ Happy Water အလေးချိန် ၁.၄၅ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၇၄၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ သြဂုတ်လ ၁ ရက်နေ့ နံနက် ၁၁ အချိန် သီဟတင်စိုး(ခ)ပေါက်ကိုင်ဖေ နေထိုင်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃ လမ်း၊ ၃၅ လမ်းရှိနေအိမ်အတွင်းမှ Happy Water အလေးချိန် ၇၀ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၈၄ သိန်း)အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထိုသို့ သိမ်းဆည်းရမိသည့်အတွက် ၀င်းမိုး(ခ)ဉာဏ်မိုးမြင့်(၄၃)နှစ် နှင့် သီဟတင်စိုး (ခ)ပေါက်ကိုင်ဖေ(၃၂)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/03/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%84%e1%80%bd%e1%80%b1%e1%80%80%e1%80%bb%e1%80%95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 3, 2023 10:36 上午
下一篇 6天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....