ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးမြင့်တက်လာ

ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာခြင်းနှင့်အတူ လက်ကျန်နည်းလာသည့် ပြည်တွင်းသုံးကုလားပဲအုပ်စု လိုက်ပါ ဈေးမြင့်တက်လာ

ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးကျဆင်းနေရာမှ ဩဂုတ်လဆန်းပိုင်း၌ ဈေးပြန်မြင့်တက်လာသကဲ့သို့ ပြည်တွင်းသုံးပဲမာလိုင်းများမှာလည်း ဈေးမြင့်တက်လာခြင်းမရှိသေးသော်လည်း အခြေခံဈေး အမြင့်ဖြင့် အရောင်းအဝယ်သွက်လာကြောင်း  ပဲနှမ်းကုန်သည်များထံ က သိရသည်။ ။

တရုတ်လိုင်း အဝယ်က ပမာဏမများသေးတော့ ပဲတီစိမ်း ဈေးက တက်သင့်သလောက်       မတက်နိုင်သေးကြောင်းနှင့် မြေပဲ ဆန်ဈေးမှာလည်း တည်ငြိမ်နေခြင်းကြောင့် ပြည်တွင်းဆီစက်ပိုင်များ အဝယ်ကောင်းနေကြောင်း၊ နှမ်းမျိုးဈေးကွက်နှင့် ပြည်တွင်းသုံး ပဲမာလိုင်းမှာ အခြေခံဈေးဖြင့် အရောင်းအဝယ် ပြန်ကောင်းလာကြောင်း၊ ဈေးကျဆင်းနေသည့် ပို့ကုန်ပဲများ ယခုသီတင်းပတ်တွင် ဈေးပြန်တက်လာကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင် က ပြောသည်။
“ပြည်တွင်းသုံးကုလားပဲ အုပ်စုက လက်ကျန်နည်းလာတော့ ဈေးမြင့်တက်လာပါတယ်။ ပဲမာလိုင်းကလည်း လက်ရှိ ပေါက်ဈေးတွေက ဆက်မတက်ပေမယ့် အခြေခံပေါက်ဈေးနဲ့ ငြိမ်နေပါတယ်။ ပို့ကုန်မတ်ပဲ၊ ပဲစင်းငုံလည်း ဈေးကျဆင်းနေတာကနေ ဈေးပြန်တက်လာပါတယ်။ တရုတ်လိုင်း အဝယ် ကလည်း အများကြီး မရှိသေးတော့ ပဲတီစိမ်း၊ နှမ်းနဲ့ မြေပဲဈေးက အတက်ရှိတော့ပေမယ့် အရောင်းအဝယ် သွက်နေပါတယ်။ ပြည်တွင်း ဆီစက်ပိုင်တွေကအဝယ်ကောင်းနေလို့ မြေပဲဆန်မျိုးစုံ အရောင်းအဝယ် ကောင်းနေပါတယ်။ တရုတ်ငွေဈေး တက်လာတော့ ကနေဒါစားတော်ပဲတွေ ဈေးမြင့်တက်လာပါတယ်”ဟု ၎င်းက ပြောသည်။

ဩဂုတ် ၃ ရက်နေ့တွင် သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ သာ ပေါက်ဈေးရှိတော့သည်။ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၇၅၀၀၀ ပေါက်ဈေးရှိတော့သည်။

ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပို့ကုန်ပဲ မဟုတ်သော်လည်း လက်ကျန်နည်းလာခြင်းကြောင့် ဩဂုတ် ၃ ရက်နေ့တွင် တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ဆက်လက်ဈေးပြန်မြင့်တက်ရာ ကုလားပဲ  V2  တစ်အိတ်လျှင် ငွေကျပ် ၂၆၃၀၀၀၊ V7တစ် အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၆၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်ငွေ ကျပ် ၂၁၀၀၀၀ မြေပဲအနီလုံး  ဆန်(ဝိုင်း) တစ်ပိဿာ ငွေကျပ်  ၉၅၀၀ ပေါက်ဈေးရှိကြောင်း သိရ သည်။

နှမ်းမျိုးစုံဈေးကွက်၌ ယခင် သီတင်းပတ်ထက် အနည်းငယ် ဈေးပြန်တက်လာရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၈၅၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊  နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/07/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%af%e1%80%9c%e1%80%ac%e1%80%b8%e1%80%95%e1%80%b2%e1%80%a1%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 3, 2023 10:40 上午
下一篇 6天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....