ကျပ်သိန်း၁၄၀၀ကျော်စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ

ပြင်ဦးလွင်မြို့နယ် X-Ray (ဝက်ဝံ)စစ်ဆေးရေစခန်းတွင် ကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာ၊ X-Ray (ဝက်ဝံ) စစ်ဆေးရေစခန်းတွင် မတ်လ ၂ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်ခန့်က မော်တော်ဆိုင်ကယ်သုံးစီးအား ရပ်တန့် ရှာဖွေစစ်ဆေးခဲ့ရာ ကာလတန်ဖိုး ငွေကျပ် သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာ၊ X-Ray (ဝက်ဝံ)စစ်ဆေးရေစခန်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းဦး မောင်းနှင်ပြီး မျိုးမင်းသက်လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်၊ ကျိမ်ခမ်း မောင်းနှင်ပြီး သီဟဇော် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် လှဝင်းဦး(ခ)မွမ်းခမ်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၁၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၄၆၂.၆၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်လာကြသည့် စိုင်းဦး(၂၁)နှစ်၊ မျိုးမင်းသက် (၂၃)နှစ်၊ ကျိမ်ခမ်း (၁၉)နှစ်၊ သီဟဇော်(၂၂)နှစ် နှင့် လှဝင်းဦး(ခ)မွမ်းခမ်း(၂၀)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/11/%e1%80%80%e1%80%bb%e1%80%95%e1%80%ba%e1%80%9e%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%81%81%e1%81%84%e1%81%80%e1%81%80%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 11, 2023 11:22 上午
下一篇 3月 11, 2023 11:25 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....