တရုတ်-လာအိုရထားလမ်းကုန်တန်ချိန်၂.၉သန်းပို့ဆောင်ခဲ့

၅ လတာကာလအတွင်း တရုတ်-လာအိုမီးရထားလမ်းတွင် စုစုပေါင်းကုန်တန်ချိန် ၂.၉ သန်း ပို့ဆောင်ခဲ့

တရုတ်-လာအိုရထားလမ်းကုန်တန်ချိန်၂.၉သန်းပို့ဆောင်ခဲ့

တရုတ်-လာအိုမီးရထားလမ်း စတင်လည်ပတ်သည့် ၅ လတာအတွင်း စုစုပေါင်း ကုန်တန်ချိန် ၂.၉ သန်း ပို့ဆောင်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။

၅ လမြောက်တွင် ကုန်ပို့ဆောင်မှုပမာဏသည် တန်ချိန် ၁.၁ သန်းရှိသဖြင့် ပထမဆုံးလ၏ ၁၇၀,၀၀၀ တန်ထက် ၅.၅ ဆ တိုးလာခဲ့သည်။

အဆိုပါကာလအတွင်း ခရီးသွားလာသူ ၂.၇ သန်းကျော်ကို ပို့ဆောင်ပေးခဲ့သဖြင့် ခရီးသည်ပို့ဆောင်ပေးမှု အခြေအနေကောင်းမွန်ကာ နိုင်ငံတကာကုန်စည်စီးဆင်းမှု လမ်းမကြီး အခန်းကဏ္ဍ စတင်ပေါ်လွင်လျက်ရှိသည်။

လက်ရှိတွင် တရုတ်-လာအိုမီးရထားလမ်း၏ နိုင်ငံဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု ပမာဏသည် တန်ချိန် ၅ သိန်းကျော်ရှိပြီးဖြစ်ကာ ထိုင်း၊ မြန်မာ၊ လာအို၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ စသည့်နိုင်ငံနှင့်ဒေသပေါင်း ၁၀ ခုကျော်သို့ ပို့ဆောင်နိုင်ခဲ့သည်။

တရုတ်-လာအိုရထားလမ်းကုန်တန်ချိန်၂.၉သန်းပို့ဆောင်ခဲ့

ကုန်ပစ္စည်းအမျိုးအစားသည်လည်း စတင်လည်ပတ်သည့် ကနဦးကာလက ရာဘာ၊ ဓာတ်မြေသြဇာ၊ ကုန်မျိုးစုံမှသည် အီလက်ထရောနစ်၊ photovoaltic ၊ ဆက်သွယ်ရေး၊ မော်တော်ယာဉ်၊ ပန်းမန်စသဖြင့် အမျိုးအစား ၁၀၀ ကျော်အထိ တိုးချဲ့လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြသုခ

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/19/2a5febed9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 19, 2022 10:22 上午
下一篇 5月 21, 2022 10:13 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....