တရုတ်၌ ထောင်ကျနေသည့် မြန်မာ အယောက် ၁၇၀ ကို နယ်စပ်ဂိတ်မှ လွှဲပြောင်း
တရုတ်နိုင်ငံ၌ အကြောင်း အမျိုးမျိုးဖြင့် ထောင်ဒဏ်ကျနေသည့် မြန်မာနိုင်ငံသား အယောက် ၁၇၀ ကို မေလ ၁၉ ရက်နေ့က နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာဘက်သို့ လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို မူဆယ်-ကျယ်ဂေါင်ဂိတ် နန်းတော်ပေါက်မှ တစ်ဆင့် အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၅၄ ဦးကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ကိုဗစ် ကပ်ရောဂါဖြစ်ပွားသည့်ကာလတွင် တရုတ်ရောက် မြန်မာလုပ်သားများကို လွှဲပြောင်း ပေးနေခဲ့ပြီး ကပ်ရောဂါ ပြင်းထန်လာမှုကြောင့် ဆိုင်းငံ့ထားရကာ ယခုနှစ်အတွင်း နယ်စပ်ဂိတ်မှ တစ်ဆင့် ပထမဆုံးအကြိမ် ပြန်လည် လွှဲပြောင်း ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/21/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%81%8c%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%94%e1%80%b1%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba%e1%80%99%e1%80%bc%e1%80%94/