လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်

ဇွန်လ၅ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အဆိုပါနေ့တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိ မြန်မာဝန်ထမ်းများနှင့် တရုတ်ဝန်ထမ်းများ အတူတကွ စုပေါင်းသစ်ပင်စိုက်ပျိုးကြကြောင်း သိရသည်။

“ပျော်ရွှင်မှုသစ်ပင်ကိုစိုက်ပျိုးပြီး သာယာလှပသော ဇာတိရပ်ရွာအသစ်ကို အတူတကွ တည်ဆောက်ကြပါစို့” ဟူသောဆောင်ပုဒ်ဖြင့် သစ်ပင်စိုက်ပျိုးရေးအစီအစဉ်ကို ကျင်းပခြင်းဖြစ်သည်။

လွန်ခဲ့သည့်ဆယ်နှစ်ကျော်က လက်ပံတောင်းစီမံကိန်းသည်‌‌ ဒေသအသိုင်းအဝိုင်း၏ အစိတ်ပိုင်းတစ်ခုအဖြစ် အ‌ခြေပြုပြီး သစ်ပင်တစ်ပင်ကဲ့သို့ အသီးအပွင့်များဝေဆာ၍ ကြီးထွားရှင်သန်လာခဲ့ကြောင်း၊ အနာဂတ်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ရပ်ရွာလူထုတစ်ရပ်လုံးနှင့် ပေါင်းစည်းကာ အမြဲတစေ အတူတကွ ရပ်တည်သွားမည်ဖြစ်ပြီး၊ ရပ်ရွာ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပိုမိုမြှင့်တင်ကာ စိမ်းလန်းစိုပြေ၍ ပျော်ရွှင်ဖွယ်ရာ စီမံကိန်းတစ်ခုကို ဖန်တီးနိုင်မည်ဟု ယုံကြည်ထားကြောင်း Myanmar Wanbao Mining Copper Limited ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအချိန်ထိ စီမံကိန်းသတ္တုတွင်း စိမ်းလန်းစိုပြေ သာယာလှပသလို‌ ဒေသအသိုင်းအဝိုင်း ကျေးရွာများတွင်လည်း လျှပ်စစ်မီးများ ထွန်းလင်းလာ၍ အသွားအလာ ပိုမိုအဆင်‌ပြေလာပြီး လူ‌နေမှုဘဝများလည်း တိုးတက်‌ပြောင်းလဲလာခဲ့ကြောင်းသိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/12/%e1%80%9c%e1%80%80%e1%80%ba%e1%80%95%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%b8%e1%80%94%e1%80%ae/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 6, 2023 10:34 上午
下一篇 6月 12, 2023 11:04 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....