တာချီလိတ်တွင်စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်တွင်စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိ

ပြီးခဲ့သည့်ရက်ပိုင်းက ငွေကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် ဝမ်ကျောက်လုံကျေးရွာဘက်မှ ဆေခမ်းရပ်ကွက်ဘက်သို့ စိုင်းရှဲန်ကျောက် မောင်းနှင်လာသည့် TOYOTA CROWN မော်တော် ယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ဇွန်လ ၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) ၄ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက် ဖော်ထုတ်ချက်အရ ညနေ ၃ နာရီခွဲအချိန် စိတ်ပြောင်းဆေးဝါး(Happy Water)များ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ အိုက်ရီ အား TOYOTA CROWN မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ည ၉ နာရီ အချိန် အိုက်ရီ နေထိုင်သည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စု၊ ဟိုခိုကျေးရွာရှိနေအိမ်မှ ဆေးခြောက် ၇၀၀ ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့၍ စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၄ ဒသမ ၂ ကီလို၊ ဆေးခြောက် ၇၀၀ ဂရမ် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းမိသူများအား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/06/%e1%80%90%e1%80%ac%e1%80%81%e1%80%bb%e1%80%ae%e1%80%9c%e1%80%ad%e1%80%90%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 6, 2023 10:33 上午
下一篇 6月 12, 2023 11:02 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....