မြန်မာဝမ်ပေါင်၏ CSR လုပ်ငန်းများတွင် ဥစားကြက်မွေးမြူရေးလုပ်ငန်းသည် အအောင်မြင်ဆုံး လုပ်ငန်းဖြစ်လာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ကျေးရွာ ၂ ရွာရှိ ဥစားကြက်ခြံများမှ ကြက်ဥအလုံးရေ သိန်း ၂၀၀ ကျော် ထုတ်လုပ်ကာ ဒေသခံများအား အမြတ်ဝေစုများ ပေးနိုင်ခဲ့ကြောင်း Myanmar Wanbao Mining Copper Limited ၏ထုတ်ပြန်ချက်အရ သိရသည်။
ဝမ်ပေါင်၏ CSR ခရီးတစ်လျှောက် SME ပရောဂျက်များကို ရေရှည်လည်ပတ်ခဲ့ရာ ဥစားကြက် မွေးမြူရေးလုပ်ငန်းသည် SME ပရောဂျက်များထဲတွင် အအောင်မြင်ဆုံး လုပ်ငန်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဥစားကြက် မွေးမြူရေးလုပ်ငန်းသည် အလုပ်အခွင့်အရေး တိုက်ရိုက်ရနိုင်သည့်အပြင် အမြတ်ဝေစုတွင် ပါဝင်ခြင်းဖြင့် ဝင်ငွေရရှိနိုင်ကြသည်။ ထို့အတူ လယ်ယာမြေဆုံးရှုံးမှုရှိသော ရွာသူရွာသားများအား အသက်မွေးဝမ်းကြောင်း အတတ်ပညာ အသစ်များ လေ့လာသင်ယူရန်နှင့် မိရိုးဖလာစိုက်ပျိုးရေးအပေါ် မှီခိုအားထားမှုကို လျှော့ချရန်အတွက် ဝမ်ပေါင်သည် “လူကို ငါးမျှားတတ်အောင် သင်ပေးခြင်းသည် ငါးမျှားပေးခြင်းထက် ပိုကောင်းသည်” ဟူသော ဖွံ့ဖြိုးတိုးတက်ရေး သဘောတရားကို လိုက်နာဆောင်ရွက်ခဲ့သည်ဟုဆိုသည်။
ဒေသခံများ၏ အမြင်သဘော ဖွံ့ဖြိုးတိုးတက်စေရန် သရုပ်ပြစီမံကိန်းအဖြစ် ဥစားကြက်မွေးမြူရေး လုပ်ငန်းကို အကောင်အထည်ဖော်ပြီး ဦးဆောင်နိုင်သော ကျေးရွာခေါင်းဆောင်များကို ပြုစုပျိုးထောင်ပေးကာ ဒေသနှင့်စီမံကိန်းအတူ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
ဥစားကြက်မွေးမြူရေး လုပ်ငန်းများအနက် ဝက်မှေးကျေးရွာကြက်ခြံကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ဆောက်လုပ် ပြီးစီး၍ စတင်အသုံးပြုနိုင်ခဲ့သည်။ ကုမ္ပဏီမှ ပံ့ပိုးပေးသော ကြက်ခြံအား ဝက်မှေးကျေးရွာမှ ရွာသူရွာသားများထံ လွှဲပြောင်းပေးအပ်ပြီး ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တွင် ကြက်ဥ ပိဿာ ၁၉၀,၀၀၀ နှင့် အော်ဂဲနစ်မြေသြဇာ တန်ချိန် ၅၀၀ ထုတ်လုပ်နိုင်ခဲ့ပြီးနောက် ကြက်ခြံသည် အမြတ်ဝေစုကို ပထမဆုံးအကြိမ် ပေးဝေခဲ့သည်။
စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်မှုဖြင့် ၂၀၂၀ ခုနှစ်အတွင်း ကံတောကျေးရွာကြက်ခြံမှ ကြက်ဥ ၉,၉၄၇,၆၆၉ လုံး၊ ဝက်မှေးကျေးရွာ ကြက်ခြံမှ ကြက်ဥစုစုပေါင်း ၇,၄၂၀,၁၁၄ လုံးထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/02/24/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%9d%e1%80%99%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%a5%e1%80%85%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%80%e1%80%ba/