စိန်တလုံးသရက်အရည်အသွေးကောင်းရရန်ဂရုစိုက်နေရ

တရုတ်ဈေးကွက်သို့ အဓိကတင်ပို့သည့် စိန်တလုံးသရက်သီးများ အရည်အသွေးကောင်း ရရန် စနစ်တကျ ဂရုစိုက်နေရသည်ဟုဆို

စိန်တလုံးသရက်အရည်အသွေးကောင်းရရန်ဂရုစိုက်နေရ

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာ သရက်စိုက်တောင်သူများအနေဖြင့် အရည်အသွေးကောင်းသရက်သီးများရရန် စနစ်တကျ ဂရုစိုက်နေရကြောင်းသိရသည်။

“အခုလောလောဆယ် သရက်သီးအလုံးက ကြက်ဥအရွယ်သာသာရှိတော့ အိတ်စွတ်နေပါပြီ။ ရေတင်နေကြပါပြီ။ ကိုဗစ်စဖြစ်တော့ စိန်တလုံးသရက်စျေးကွက်က စပျက်သွားတာပါ။ ရောင်းအားနည်းတော့ တချို့ခြံတွေ မစိုက်နိုင်ကြတော့ဘူး။ သရက်သီးဆုံးရှုံးမှုတွေ များနေတယ်။ တချို့ခြံတွေမသီးတာတွေပါ ဖြစ်လာတယ်။ ရေနံစျေးမြင့်သွားတော့ ရေတင်စရိတ်တွေ မြေသြဇာကျွေးရတာတွေ  ဖူးပွင့်ချိန်မှာ ဖျန်းရမယ့်ဆေးမဝယ်နိုင်တာတွေ ဖြစ်တော့ သရက်သီးဆုံးရှုံးမှုတွေဖြစ်နေတယ်။ ခြံအချို့ဘဲလုပ်နိုင်တယ်။”ဟု ဒီပဲယင်းကွဲရွာ အိမ်ရှင်မသရက်ခြံ ပိုင်ရှင် မစိမ့်လဲ့မွန် ကပြောသည်။

စိန်တလုံးသရက်အရည်အသွေးကောင်းရရန်ဂရုစိုက်နေရ

ဒီပဲယင်းကွဲကျေးရွာတွင် စိန်တစ်လုံး အပြင် ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ ရင်ကွဲ စသည့် သရက်သီးစိုက်ဧက ၃၀၀၀ ကျော်ရှိပြီး ယခင်နှစ်များက သရက်သီးတန်ပေါင်း ၂၀၀၀၀ ကျော် (နှစ်သောင်းကျော်) ထွက်ရှိကြောင်း သိရသည်။

စစ်ကိုင်း၊ ဒီပဲယင်းကွဲရွာသည် ယခင်နှစ်များက  စိန်တလုံးသရက် အပြင် သရက် အမျိုးအစားများစွာကို တရုတ်၊ ထိုင်း၊ စင်ကာပူ စသည့် နိုင်ငံများသို့ တင်ပို့ ရောင်းချနေသည့် သရက် အဓိက စိုက်ပျိုးကြသည့်ရွာ ဖြစ်သည်။

“အခါတိုင်းဆိုရင် စင်ကာပူ၊ ဘန်ကောက်ကနေ တိုက်ရိုက်ဂရမ်ချိန်စက်တွေနဲ့ လာဝယ်တယ်။ မနှစ်က ဂျပန်က လာဝယ်တယ်။ တန်၂၀၀လောက်ပဲဝယ်တယ်။ အဓိကပို့ရတာက တရုတ်နယ်စပ်မူဆယ်ကို ပို့ရတယ်။ ဒီနှစ်မှာ ဂျပန်ကုမ္ပဏီက တန်၁၀၀၀ ဝယ်ဖို့ ပြောထားတယ်။ စာချုပ်တော့ မချုပ်ရသေးဘူး။ ဝယ်ဖို့အစီအစဥ်ရှိတယ်ဆိုပြီး ရွာမှာ ပထမအကြိမ် အစည်းအဝေးလုပ်ထားတယ်။ ထိုင်းနဲ့စင်ကာပူက လာဖို့မသေချာဘူး။ လာရင် ဒီအချိန်လာပြီး စာချုပ်ချုပ်တယ်”ဟု မစိမ့်လဲ့မွန်ကပြောသည်။
စိန်တလုံးသရက်သီး ခြံထွက်ပင်ရင်းစစ်စစ်ကို စားသုံးလိူသူများက ခြံစိုက်တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူ သုံးဆောင်နိုင်ရန် စီစဥ်နေကြောင်းသိရသည်။

“ဒီပဲယင်းကွဲရွာမှာ ဒီနှစ် သရက်က သုံးပုံမှာနှစ်ပုံလောက် ပျက်စီးတယ်။ တစ်ပုံလောက်ပဲ သီးတော့တယ်။ အကုန်လုံး ပိုးတွေကိုက်လို့ ဘာမှမလုပ်နိုင်ဘူး။ တစ်ပုံလောက်က ကောင်းပါတယ်။ အိတ်စပို့ကွာလတီအတွက် လုပ်ရတာပါ။ ပြည်တွင်းအရောင်းအနေနဲ့ မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ စစ်ကိုင်း ပို့တယ်။ တရုတ်စျေးကွက်နဲ့ အိတ်စပို့ကွာလတီ ပို့ပေးရတယ်။ မူဆယ်တရုတ်စျေးကွက်ကို အားကိုးရတယ်”ဟု မစိမ့်လဲ့မွန် ကပြောသည်။

အရည်အသွေးပြည့်ဝသည့် သရက်သီးတစ်လုံး၏ ပျမ်းမျှကုန်ကျစားရိတ်သည် ခြင်းဖိုး(ခြင်းရဲ့ ကြံ့ခိုင်မှုနဲ့ အရောင်ပေါ်မှုတည်ပြီး ၁၈၀၀-၂၂၀၀ကျပ်)၊ သရက်သီး ပတ်သည့် စက္ကူ၊ ခြင်းခံ စက္ကူ၊ အလုပ်သမားခ၊ သယ်ယူစားရိတ်၊ သရက်ဖူးပွင့်ချိန်မှ ရေနံဆီ၊ ရေတင်ခ အပါအဝင် အားဆေး၊ မြေသြဇာ သွင်းအားစု၊ အရွယ်ရောက် သရက်သီး ခြင် ယင် မထိုးရန် အိတ်စွတ် ခ နှင့် ဆေးအိတ်တန်ဖိုး စသဖြင့် အရည်အသွေးကောင်း စိန်တလုံး သရက်သီး တစ်လုံး၏တန်ဖိုးသည် ကျပ် ၃၅၀ ခန့် ကုန်ကျကြောင်း သိရသည်။

“သရက်သီးကွာလတီက ဂရမ်ဆိုက်ရှိတယ်။ သရက်သီးက အနည်းဆုံး ၃၀၀ ဂရမ်ရှိတယ်ဆိုရင် အနည်းဆုံးတစ်လုံး ၄၀၀ နဲ့ ၄၅၀ ကျပ်လောက်ရမှ အဆင်ပြေမှာပါ”ဟု မစိမ့်လဲ့မွန် ကပြောသည်။

စျာန်ထူးကို

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/04/14/a7038d361e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 9, 2022 9:36 下午
下一篇 4月 16, 2022 10:27 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....