မိုခါ မုန်တိုင်း (၁၄.၅.၂၀၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ တို့အကြား စစ်တွေမြို့အနီးမှ (၁၄.၅.၂၀၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဌာန၏ မေလ (၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
ယခုဖြစ်ပေါ်နေသော မိုခါ မုန်တိုင်းသည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့ အနီးမှ အလွန့်အလွန် အားကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်သည့်အတွက် အနီရောင်အဆင့်ဟု သတ်မှတ်ထားသည်။
စစ်တွေမြို့ကိုဖြတ်ကျော်ပြီးနောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားသည်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၆)ပေမှ ပေ(၂၀)ခန့်အထိ နှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၂)ပေမှ (၁၆) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
ကိုခန့်
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/15/%e1%80%99%e1%80%ad%e1%80%af%e1%80%81%e1%80%ab%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94/