လောင်းကစားနှင့်လိမ်လည်သူအုပ်စုတိုက်ဖျက်သွားမည်

တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံက လောင်းကစားနှင့်လိမ်လည်သူအုပ်စုများကို ပြင်းပြင်းထန်ထန်တိုက်ဖျက်သွားမည်

လောင်းကစားနှင့်လိမ်လည်သူအုပ်စုတိုက်ဖျက်သွားမည်

တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံရဲတပ်ဖွဲ့၏ စည်းလုံးညီညွတ်စွာပူးပေါင်း၍ လောင်းကစားနှင့် လိမ်လည်မှုကို ပြင်းပြင်းထန်ထန်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့သည် သြဂုတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ဒေသတွင်းလောင်းကစားနှင့်လိမ်လည်မှုများမှတစ်ဆင့် ပေါ်ထွက်လာသည့် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ထိန်းချုပ်မှု စသည့် ပြစ်မှုကျူးလွန်မှုများအတွက် အထူးပူးပေါင်းတိုက်ဖျက်ရေးလှုပ်ရှားမှုစတင်ခြင်းအခမ်းအနားဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံဘက်အသီးသီးက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အထူးလှုပ်ရှားမှုအထွေထွေညှိနှိုင်းရေးစင်တာ အတူတကွတည်ဆောက်ထားရှိပြီး လောင်းကစားနှင့် လိမ်လည်မှုများသောင်းကျန်းသည့်ဒေသအတွက် ပူးတွဲလှုပ်ရှားရာနေရာများထားရှိကာ ပိုမိုရင်းနှီးစွာပူးပေါင်းမှု၊ ပိုမိုတက်ကြွစွာတိုက်ဖျက်မှု၊ ပိုမိုကျွမ်းကျင်စွာလှုပ်ရှားမှုတို့ဖြင့် ဒေသတွင်းဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ များစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန် အဆိုပါအခမ်းအနားတွင် ဆုံးဖြတ်ခဲ့သည်။

တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံဘက်အသီးသီးက ရပ်တန်းကမရပ်သေးသည့် ပြစ်မှုကျူးလွန်သူအုပ်စုများကို လက်တွေ့လှုပ်ရှားမှုဖြင့် ပြင်းပြင်းထန်ထန်သတိပေးသွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပအား တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံရဲတပ်ဖွဲ့၏ စည်းလုံးညီညွတ်စွာ ပူးပေါင်း၍ လောင်းကစားနှင့်လိမ်လည်မှုကို ပြင်းပြင်းထန်ထန်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/21/%e1%80%9c%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%9c%e1%80%ad%e1%80%99%e1%80%ba%e1%80%9c%e1%80%8a%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 21, 2023 5:02 下午
下一篇 21小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....