မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသားနှစ်ဦးအား တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသား နှစ်ဦးအား သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေး၍ တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
၎င်းသည် ယခုနှစ် ဇွန်လပိုင်းတွင် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၆ ဦးကို တရုတ်နိုင်ငံသို့ဖမ်းဆီးပို့ဆောင်ပြီးနောက် ဒုတိယအကြိမ် ဖမ်းဆီးပို့ဆောင်ခြင်း ဖြစ်သည်။
အထက်ပါ သံသယရှိသူ ၂ ဦးလုံးသည် လိမ်လည်သည့်ပြစ်မှုကျူးလွန်ကြောင်း သံသယရှိပြီး ၎င်းတို့အနက် ၁ ဦးသည် လောင်းကစားနှင့်လိမ်လည်မှုအဖွဲ့၏ အမာခံခေါင်းဆောင်ဖြစ်ကာ ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်မှုတိုက်ဖျက်နှိမ်နင်းရာတွင် အဓိကကျသူဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မကြာသေးမီက တရုတ်-ထိုင်း-မြန်မာ-လာအို ၄ နိုင်ငံရဲတပ်ဖွဲ့များသည် လောင်းကစားနှင့် လိမ်လည်မှုအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် အထူးပူးတွဲလှုပ်ရှားမှုစတင်ခဲ့ပြီး ဒေသတွင်းဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ များစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန် ရည်ရွယ်ကြောင်း သိရသည်။
ကောင်းကောင်း
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/30/15838/