လန်ချန်း-မဲခေါင်းခရီးသွားလုပ်ငန်းဆွေးနွေးပွဲ

လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံ တက္ကသိုလ်များအကြား သိပ္ပံနည်းပညာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု” စီမံကိန်း စတင်

လန်ချန်း-မဲခေါင်းခရီးသွားလုပ်ငန်းဆွေးနွေးပွဲ

မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဦးစီးကျင်းပသည့် “လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံ တက္ကသိုလ်များအကြား သိပ္ပံနည်းပညာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှု” စီမံကိန်း စတင်ခြင်းအခမ်းအနားကို သြဂုတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်၌ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး နေပြည်တော်ဆက်သွယ်ရေးရုံးမှ ဌာနမှူး Mr. Zhang Zhonghua တို့တက်ရောက် အမှာစကားပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင်းခရီးသွားလုပ်ငန်းဆွေးနွေးပွဲ

လန်ချန်း-မဲခေါင်းခရီးသွားလုပ်ငန်းဆွေးနွေးပွဲ

တရုတ်ဘက်က တရုတ်-မြန်မာနှစ်နိုင်ငံသည် ပထဝီတည်နေရာချင်းနီးစပ်ပြီး ယဉ်ကျေးမှုချင်းတူညီကာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ် သမိုင်းကြောင်း ကြာရှည်လှကြောင်း၊ နှစ်နိုင်ငံသည် အဆင့်မြင့်ပညာရေး၊ သိပ္ပံနည်းပညာဆန်းသစ်တီထွင် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်ရာတွင် ကောင်းမွန်သည့်အခြေအနေနှင့် ကျယ်ပြန့်သည့်နေရာရှိကြောင်း၊ ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့သည် စီမံကိန်းမှတစ်ဆင့် အပြန်အလှန်နားလည်သိရှိမှု တိုးများလာစေပြီး အသေးစိတ်ကဏ္ဍလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးအတွက် အကျိုးထမ်းဆောင်ပေးသည့်အပြင် တရုတ်-မြန်မာအဆင့်မြင့်ပညာရေးကျောင်းများအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာဖြစ်လာရန် မျှော်လင့်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံက လန်ချန်း-မဲခေါင်မိတ်ဖက်များနှင့်အတူ ပညာရေး၊ သိပ္ပံနည်းပညာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်၍ ပိုမိုရင်းနှီးသော လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်း အတူတကွတည်ဆောက်ရန် ဆက်လက်အားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာဘက်က မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးကျောင်းများက လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသတွင်းနိုင်ငံမှ အဆင့်မြင့်ပညာရေးကျောင်းများနှင့် ကူးလူးဖလှယ်ရန် အားပေးကြောင်း၊ ယခုအကြိမ် ဤစီမံကိန်းမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုမူဘောင်တည်ဆောက်ကာ လေ့ကျင့်ရေး၊ ဆွေးနွေးပွဲ၊ လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး စသည့်နည်းလမ်းများဖြင့် သိပ္ပံနည်းပညာဝန်ထမ်းများ စွမ်းရည်မြှင့်တင်၍ အဆင့်မြင့်ပညာရေး ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ပြီး ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများ သံယောဇဉ်ကိုတိုးမြှင့်ရန် မျှော်လင့်ပါကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကို တရုတ်နိုင်ငံအစိုးရမှ အရင်းအနှီးစိုက်ထုတ် ထူထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံက စီမံကိန်းပေါင်း ၁၀၆ ခုအတွက် ပံ့ပိုးမှုရရှိပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရမှ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အရင်းအနှီးနှင့် နည်းပညာပံ့ပိုးကူညီပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/31/%e1%80%9c%e1%80%94%e1%80%ba%e1%80%81%e1%80%bb%e1%80%94%e1%80%ba%e1%80%b8-%e1%80%99%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 59分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....