ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံသို့သွားရောက်

၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနား တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံသို့သွားရောက်

ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံသို့သွားရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့တွင် ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၂ရက်အထိ ကျင်းပမည့် ၂၀၂၃ခုနှစ်၊ တရုတ်-အာဆီယံပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနား တက်ရောက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံသို့သွားရောက်

အဆိုပါအခမ်းအနားသို့ တရုတ်နှင့်အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများ၊ တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ ပညာသင်များ၊ သံတမန်ကိုယ်စားလှယ်များ၊ လူငယ်များနှင့်ရပ်ဝန်းနှင့် ပိုးလမ်းမကြီး နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ပညာရေးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ခိုင်မြဲစွာ မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/31/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%af%e1%80%9d%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8-%e1%80%90%e1%80%9b%e1%80%af-3/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....