သီးနှံအထွက်မိတ်ဖက်များအကြောင်း ဆွေးနွေးပွဲ မုံရွာမြို့တွင်ကျင်းပ

နိုင်ငံတော်မှ ရည်မှန်းဆောင်ရွက်နေသော အဓိကသီးနှံ(၁၀)မျိုး၏ ပန်းတိုင်အထွက်နှုန်းရရှိရေး သီးနှံအထွက်မိတ်ဖက်များအကြောင်း ဆွေးနွေးပွဲ မုံရွာမြို့တွင်ကျင်းပ

သီးနှံအထွက်မိတ်ဖက်များအကြောင်း ဆွေးနွေးပွဲ မုံရွာမြို့တွင်ကျင်းပ

အဓိကသီးနှံ(၁၀)မျိုး၏ ပန်းတိုင်အထွက်နှုန်းရရှိရေး သီးနှံအထွက်မိတ်ဖက်များအကြောင်း ဆွေးနွေးပွဲကို မုံရွာမြို့စိုက်ပျိုးရေးဦးစီးဌာနတွင် သြဂုတ်လ ၂၈ရက်က ကျင်းပခဲ့ကြောင်းသိရသည်။

မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင် ဦးဆောင်သော မိတ်ဖက်ဌာနဆိုင်ရာများပူးပေါင်းပြီး နိုင်ငံတော်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ရည်မှန်းဆောင်ရွက်နေသော အဓိကအရေးကြီးသီးနှံ(၁၀)မျိုး၏ ပန်းတိုင်အထွက်နှုန်းများကို သိရှိစေရန် ရည်ရွယ်ပြီး အဓိကသီးနှံ(၁၀)မျိုး၏ ပန်းတိုင်အထွက်နှုန်းရရှိရေး သီးနှံအထွက်မိတ်ဖက်များအကြောင်း ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ကုသရေးနှင့်မွေးမြူရေး ဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စာရင်းအင်းနှင့်လယ်ယာမြေစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန တို့မှ တာဝန်ရှိသူများနှင့်အတူ အဓိကသီးနှံ(၁၀)မျိုး၏ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မွေးမြူရေးလုပ်ငန်းများ စနစ်တကျမွေးမြူနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးမည့် သီးနှံ၊ သစ်ပင်မျိုး၊ မြေမျိုးတန်းစားနှင့် မြေကို ရွေးချယ်ပြီး စိုက်ပျိုးနိုင်ရေး၊ စပါးသီးနှံအား လယ်မြေ၊ယာမြေကိုလည်း ရေတွင်း၊စက်ရေတွင်း၊ဆည်ရေရရှိသော မြေမျိုးများတွင် စိုက်ပျိုးနိုင်ရေး၊ ယာသီးနှံများကို ယာမြေများတွင်စိုက်ပျိုးနိုင်ရေး စသည့်တို့နှင့် စပ်လျဥ်းပြီး အသီးသီး အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသော မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာမှ စပါးစိုက်တောင်သူ(၈၇)ဦး၏ သိရှိလိုသည့် မေးမြန်းမှုများကို တာဝန်ရှိသူတို့က အသီးသီးပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် တောင်သူများအတွက် စပါးတစ်ဧကလျှင် တစ်အိတ်နှုန်းဖြင့် ပုလဲဓာတ်မြေဩဇာများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/31/%e1%80%9e%e1%80%ae%e1%80%b8%e1%80%94%e1%80%be%e1%80%b6%e1%80%a1%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%99%e1%80%ad%e1%80%90%e1%80%ba%e1%80%96%e1%80%80%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....