စိုက်ပျိုးရေး၊မွေးမြူရေး အထက်တန်းကျောင်း(အလုံ)မှ ကျောင်းသားကျောင်းသူများ မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင်လေ့လာ
စိုက်ပျိုးရေး၊မွေးမြူရေး အထက်တန်းကျောင်း(အလုံ)မှ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူ(၄၇)ဦးတို့သည် မုံရွာမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဩဂုတ်လ ၂၈ ရက်နေ့က လာရောက်လေ့လာကြကြောင်း သိရသည်။
မုံရွာမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော မှိုနှင့် အိမ်တွင်းအလှစိုက် ပန်းမန်များ သုတေသန ပညာပေးစင်တာရှိ အပင်မျိုးစေ့အလိုက် သဘောသဘာဝများနှင့် မွေးမြူထားရှိမှုသုတေသနနည်း၊ ငွေနှင်းမှိုမျိုးထုတ်ရာတွင် Tissue Cunture နည်းဖြင့် မှိုအသားစယူသည်မှစ၍ စိုက်ပျိုးထုတ်လုပ်၍ ခူးဆွတ်နိုင်သည်အထိ လုပ်ငန်းစဥ်၊ ပျိုးဥယျာဥ် Nursery Farm ရှိ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံမျိုးစုံ၊ ငွေနှင်းမှိုရုံရှိ ငွေနှင်းမှိုစိုက်ထုတ်ပြုလုပ်မှု၊ ငွေနှင်းမှိုနှင့် ကောက်ရိုးမှိုစိုက်ပျိုးနည်းအဆင့်ဆင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတွင် ဖွင့်လှစ်ထားသော ထရိုင်ဂို ဂရားမား ဥကပ်ပါး နဂျယ် မွေးမြူရေးဓာတ်ခွဲခန်း၌ လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို လေ့လာခဲ့ကြသည်။
လေ့လာရေးအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး မြေအသုံးချရေး၊ မျိုးစေ့၊ သီးနှံကာကွယ်ရေးဓာတ်ခွဲခန်း ရုံးသို့ သွားရောက်ပြီး သက်ဆိုင်ရာ တာဝန်ခံများက မြေဆီလွှာဓာတ်ခွဲခန်း၊ မျိုးစေ့ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းတို့တွင် လက်တွေ့ဆောင်ရွက်နေမှုများ၊ အဆိုပါရုံးအတွင်း ဆောင်ရွက်လျက်ရှိသော ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင် သီနှံစံပြစိုက်ခင်းအတွင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုလေ့လာခဲ့ကြသည်။
လေ့လာရေးခရီးစဉ်အတွင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးတွင် ပြုလုပ်သည့် နိုင်ငံတော်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ရည်မှန်းဆောင်ရွက်နေသော အဓိကအရေးကြီးသီးနှံ(၁၀)မျိုး၏ ပန်းတိုင်အထွက်နှုန်းရရှိရေး သီးနှံအထွက်မိတ်ဖက်များအကြောင်း ဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဈာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/31/%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%81%8a%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%b0%e1%80%9b/