China-Asianစင်တာ၏အထွေထွေအတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တရုတ်-အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ

China-Asianစင်တာ၏အထွေထွေအတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသော ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်-အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun ပါဝင်သည့်အဖွဲ့နှင့် HowardJohnson Hotel တတိယထပ်ရှိ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့တွင် ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၂ရက်အထိ ကျင်းပမည့် ၂၀၂၃ခုနှစ်၊ တရုတ်-အာဆီယံပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်-အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun နှင့် အဖွဲ့ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ပညာရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများကို အကောင်အထည်ဖော်ရန်ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လိုသည့် အစီအစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကွေ့ကျိုးပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူး H.E. Mr.Li Bingjun ၊ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ကွေ့ကျိုးပြည်နယ်ဆိုင်ရာ အာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များ၊ ကွေ့ကျိုးပြည်နယ် ပြည်သူ့အစိုးရမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲကို အဆိုပါဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပညာရေးပူးပေါင်း ဆောင်ရွက်နေမှုများကို မိတ်ဆက်ပြောကြားခဲ့ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/31/china-asian%e1%80%85%e1%80%84%e1%80%ba%e1%80%90%e1%80%ac%e1%81%8f%e1%80%a1%e1%80%91%e1%80%bd%e1%80%b1%e1%80%91%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....