လားရှိုးမြို့ရှိ Luxury Lounge ဟိုတယ်၌ ပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်းနှစ်ဦးဒဏ်ရာရ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၈)၊ နယ်မြေ(၃)ရှိ Luxury Lounge ဟိုတယ်၌ သြဂုတ် ၂၉ ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး ဟိုတယ်ဝန်ထမ်းနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ညနေ ၄ နာရီခွဲခန့်တွင် ဟိုတယ်သို့ အမည်မသိအမျိုးသားနှစ်ဦး ရောက်ရှိလာပြီး အမျိုးသားတစ်ဦးမှ ဟိုတယ်အတွင်းသို့ဝင်ကာ ဟိုတယ်ကောင်တာတွင် အခန်းဌားမည်ဟုပြောဆိုကာ လက်ဆွဲအိတ်အမည်းရောင်အား ကောင်တာရှေ့တွင်ချ၍ ပြန်လည်ထွက်ခွာသွားခဲ့ပြီး မကြာမီတွင် အဆိုပါအိတ်အမည်းရောင်မှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက်(၁၇) နှစ်နှင့်(၂၂)နှစ်အရွယ်စီရှိ ဟိုတယ်ဝန်ထမ်းအမျိုးသား နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း၊ ဟိုတယ်ဝင်ပေါက်ရှိ မှန်တံခါးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/31/%e1%80%9c%e1%80%ac%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%9b%e1%80%be%e1%80%ad-luxury-lounge-%e1%80%9f%e1%80%ad%e1%80%af%e1%80%90/