ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ လွိုင်လင်မြို့နယ်တွင် ဖမ်းဆီးရမိ 

ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ လွိုင်လင်မြို့နယ်တွင် ဖမ်းဆီးရမိ 

ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ လွိုင်လင်မြို့နယ်တွင် ဖမ်းဆီးရမိ 

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ သြဂုတ်လ ၂၆ ရက်နေ့ ညပိုင်းက လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် နောင်မင်းအေး မောင်းနှင်ပြီး တင်မောင်ထွန်း နှင့် မနှင်းနှင်းဝေ တို့လိုက်ပါလာသည့် TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွ ရူးသွပ်ဆေးပြား ၈၀၀၀၀၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၂၄၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသည်။

ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ လွိုင်လင်မြို့နယ်တွင် ဖမ်းဆီးရမိ 

ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ သန်းနိုင် နှင့် မမြမြသီ တို့အား တပ်ကုန်းမြို့၊ ကင်းသာပူးပေါင်းစစ်ဆေးရေးဂိတ်တွင် TOYOTA KLUGER အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ နောင်မင်းအေး (၂၆)နှစ်၊ တင်မောင်ထွန်း(၅၅)နှစ်၊ မနှင်းနှင်းဝေ(၃၀)နှစ်၊ သန်းနိုင်(၅၅)နှစ် နှင့် မမြမြသီ (၅၅)နှစ်တို့အား လွိုင်လင် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/31/%e1%80%9c%e1%80%94%e1%80%ba%e1%80%81%e1%80%bb%e1%80%94%e1%80%ba%e1%80%b8-%e1%80%99%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e-3/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 58分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....