ထိုင်းနိုင်ငံ၏နာမည်ကြီး Brand အများစုပါဝင်သည့် Thai Festival Fair 2022 ဈေးရောင်းပွဲကို ရန်ကုန်မြို့၌ ကျင်းပမည်
ထိုင်းနိုင်ငံ၏နာမည်ကြီး Brand အများစုပါဝင်သည့် Thai Festival Fair 2022 ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၊ ပြည်လမ်းမရှိ Novotel Yangon Max Hotel ၌ ဇွန်လ ၁၆ ရက်မှ ၁၉ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီ မှ ညနေ ၆ နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို Novotel Yangon Max Hotel ၏ Grand Ballroom တွင် ဆိုင်ခန်းပေါင်း ၄၀ ကျော်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏နာမည်ကြီး Brand အများစုပါဝင်သည့် ထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့် စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်၊ Fashion နှင့် အသုံးအဆောင်ပစ္စည်းများကို အထူးဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်သည်။
ယင်း ဈေးပွဲတော်ကို နံနက် ၁၀ နာရီ မှ ည ၇ နာရီထိ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုတော် အောင်ထက်၊ ထက်ယံ၊ ဖြိုးပြည့်စုံ၊ ကေကေမိုးအပါအဝင် အဆိုတော်များစွာက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပေးသွားမည့်အပြင် ထိုင်းအကများ၊ မျက်လှည့်ပညာရှင်များ ၏ ဖျော်ဖြေမှုများကိုပြုလုပ်သွားမည်ဖြစ်ကာ ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်များလည်း ပါ၀င်ကြောင်း သိရသည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/15/thai-festival-fair-2022-%e1%80%88%e1%80%b1%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bd%e1%80%b2%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%94%e1%80%ba%e1%80%80/