မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် မူဆယ်တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး သေနတ်ဖြင့်ပစ်ခတ်ပြီး ငွေလုယက်ခံရ
သြဂုတ်လ ၂၇ ရက် နံနက်စောစောပိုင်းက မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ပြီး ငွေလုယက်သွားကြောင်း သိရသည်။
မူဆယ်မြို့လယ်ခေါင် စျေးလမ်းကြားတွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အဆိုပါအမျိုးသမီးထံ သြဂုတ်လ ၂၇ ရက် နံနက် ၈ နာရီခန့်က ဆိုင်ကယ်တစီးဖြင့် ရောက်လာသူ သုံးဦးက ငွေလဲချင်ယောင်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်ပြီး ငွေလုယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း သတင်းများဖော်ပြမှုအရ သိရသည်။
သေနတ်ဖြင့်အပစ်ခတ်ခံရသော အဆိုပါအမျိုးသမီးမှာ ၎င်း၏ ဘယ်ဘက်နံရိုးနားကနေ ညာဘက် နံရိုးအောက် ခါးအနီး ရင်ဘတ်ကျည်ဆန်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရသဖြင့် မူဆယ်မြို့နယ်ဆေးရုံမှတဆင့် တရုတ်နိုင်ငံ ရွှေလီဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ကာ ဆေးဝါးကုသမှုထားကြောင်း၊ ငွေများလုယက်ခံရခြင်းကြောင့် မြန်မာကျပ်ငွေ သိန်း ၂၀၀ ဝန်းကျင်နှင့်ညီမျှသော တရုတ်ယွမ်ငွေများပါသွားကြောင်း သိရသည်။
ကိုစိုင်း (မူဆယ်)
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/31/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7/