ပုဂံရှိချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်

Summary : ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရွှေစည်းခုံစေတီတော် ပရိဝုဏ်အတွင်းရှိ ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ကျင်းပကြောင်း သိရသည်။

ပုဂံ ရွှေစည်းခုံစေတီတော် ပရိဝုဏ်အတွင်းရှိ ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

ပုဂံရှိချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရွှေစည်းခုံစေတီတော် ပရိဝုဏ်အတွင်းရှိ ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် “တို့ခေါ်မယ် ပေါက်ဖော်” ရုပ်သံဗီဒီယိုကို ပြသပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က အမှာစကားပြောကြားရာ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံသို့ ၉ ကြိမ် လာရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၁၉၆၁ ခုနှစ်က လာရောက်ခဲ့စဉ် တန်ဆောင်းဆောက်လုပ် လှူဒါန်းခဲ့ရာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုအတွက် အမှတ်သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါကြောင်း၊ ယနေ့ မိမိအနေဖြင့် တန်ဆောင်းအဆင့်မြှင့်တင် ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်ခြင်းသည် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို အမွေဆက်ခံခြင်းဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ၏ ရှင်းလင်းသည့် ရပ်တည်ချက်ကို ထင်ဟပ်စေပါကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများမှ နှစ်နိုင်ငံ ပြည်သူများကို ပိုမိုအကျိုး ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ယနေ့ မိမိတို့ စုဝေးရောက်ရှိနေကြသည့် ချူအင်လိုင်းတန်ဆောင်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထင်ဟပ်ပြသရာ ရောက်စေပါကြောင်း၊ နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် အနာဂတ် မျိုးဆက်သစ်များဆီသို့ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို လက်ဆင့်ကမ်းပေးနိုင်ပြီး တရုတ် – မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည် ထောင်ရေးဆီသို့ တက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

မြသုခ

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/06/%e1%80%95%e1%80%af%e1%80%82%e1%80%b6%e1%80%9b%e1%80%be%e1%80%ad%e1%80%81%e1%80%bb%e1%80%b0%e1%80%a1%e1%80%84%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%94%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 2, 2022 7:49 上午
下一篇 7月 6, 2022 10:02 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....