မြန်မာ-တရုတ်မီဒီယာများ “Belt and Road” အဆိုပြုချက် ဆယ်နှစ်ပြည့်အကြောင်း ဆွေးနွေး

မြန်မာ-တရုတ်မီဒီယာများ “Belt and Road” အဆိုပြုချက် ဆယ်နှစ်ပြည့်အကြောင်း ဆွေးနွေး

မြန်မာ-တရုတ်မီဒီယာများ "Belt and Road" အဆိုပြုချက် ဆယ်နှစ်ပြည့်အကြောင်း ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ဩဂုတ်လ ၂၃ ရက်နေ့တွင် “Belt and Road” အဆိုပြုချက် ဆယ်နှစ်ပြည့်မြောက်ခြင်း ခေါင်းစဉ်ဖြင့် မြန်မာ-တရုတ်မီဒီယာတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ယခုနှစ်သည် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်းနှင့် “ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း” ဟူသော အိမ်နီးချင်း သံတမန်ဆက်ဆံရေးဆိုင်ရာ အယူအဆကို အဆိုပြုခဲ့သည့် ဆယ်နှစ်ပြည့်နှစ် ဖြစ်သည်။

မြန်မာ-တရုတ်မီဒီယာများ "Belt and Road" အဆိုပြုချက် ဆယ်နှစ်ပြည့်အကြောင်း ဆွေးနွေး

အဆိုပါ မြန်မာ-တရုတ်မီဒီယာတွေ့ဆုံပွဲသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ Sky Net ရုပ်သံဌာန၊ Eleven Media Group ၊ စံတော်ချိန်၊ ရွှေဇာမဏီ၊ Myanmar News Week Journal စသည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာဌာနများနှင့် မြန်မာနိုင်ငံအခြေစိုက် တရုတ်မီဒီယာအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံမှူးကြီး Dr. Zheng Zhihong က အမှာစကားပြောကြားရာ၌ “Belt and Road” အဆိုပြုချက်သည် ဆယ်နှစ်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်သော၊ အပြန်အလှန်အကျိုးပြုသော၊ အကျိုးတူပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုနေသော ကမ္ဘာလုံးဆိုင်ရာ Public goods ဖြစ်လာပြီဖြစ်ကြောင်း၊ အားလုံး၏ အတူတကွ ကြိုးပမ်းမှုများကြောင့် “စင်္ကြံခြောက်ခု၊ လမ်းခြောက်လမ်း၊ နိုင်ငံများစွာနဲ့ ဆိပ်ကမ်းများစွာ” အပြန်အလှန်ချိတ်ဆက်သည့် ဖွဲ့စည်းမှုပုံစံကို အခြေခံအားဖြင့် ဖွဲ့စည်းပုံဖော်ထားနိုင်ပြီး အကျိုးတူဖြစ်ထွန်းမှုစီမံကိန်းများစွာကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများ၊ ဒေသများ၏ ကုန်သွယ်မှုများ လွတ်လပ်မှု၊ အဆင်ပြေချောမွေ့မှု အခြေအနေများ ဆက်တိုက်မြင့်မားလာခဲ့ပြီး စက်မှုလုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုများပြားလာကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ မီဒီယာကိုယ်စားလှယ်များက “Belt and Road” ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများအား ပူးပေါင်းတိုက်ဖျက်ရေး၊ မီဒီယာကဏ္ဍ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်ရေး စသည်တို့နှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တရုတ်-မြန်မာမီဒီယာများသည် ၎င်းတို့၏ အကျိုးသက်ရောက်နိုင်မှုများကို ဖော်ထုတ်၍ ဆက်သွယ်ရေးလိမ်လည်မှုများအား တိုက်ဖျက်မှုကို မြှင့်တင်နိုင်ရန် ပညာပေးဖြန့်ဝေပေးပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်းတည်ငြိမ်စွာ စည်ပင်ဝပြောတိုးတက်ရေး အတွက် ကောင်းမွန်သောပတ်ဝန်းကျင် ဖန်တီးပေးရန် ဆန္ဒရှိကြောင်း အသီးသီး ပြောကြားခဲ့ကြသည်။

“Belt and Road” အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုသည် အေးအတူပူအမျှအသိုက်အဝန်းကို သက်ဝင်လှုပ်ရှားစွာ လက်တွေ့ဖော်ဆောင်မှုနှင့် အရေးပါသောလမ်းကြောင်း ဖြစ်ကာ ဘေးပတ်ဝန်းကျင်နိုင်ငံများသည် “Belt and Road” အတူတည်ဆောက်ရေးတွင် အရေးပါသော ပါဝင်သူများနှင့် အကျိုးခံစားရသူများ ဖြစ်ကြရာ
တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းကို အတူတကွ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/30/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%99%e1%80%ae%e1%80%92%e1%80%ae%e1%80%9a%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-belt-an/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 21, 2023 5:05 下午
下一篇 1天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....