မဲခေါင်-လန်ချန်းနိုင်ငံများအကြား သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စများဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

မဲခေါင်-လန်ချန်းနိုင်ငံများအကြား သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စများဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

မဲခေါင်-လန်ချန်းနိုင်ငံများအကြား သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စများဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့က ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်အောက်မှ မဲခေါင်-လန်ချန်းနိုင်ငံများအကြား သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာနိုင်ငံအခြေစိုက် လန်ချန်း-မဲခေါင်နိုင်ငံမှ သံတမန်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာ လေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံ တို့ရှိ သက်ဆိုင်ရာအသိပညာရှင်အဖွဲ့အစည်းများမှ ပါမောက္ခများနှင့် သုတေသီများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ တို့က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်ဟိုင်းက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။

မဲခေါင်-လန်ချန်းနိုင်ငံများအကြား သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စများဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမဲခေါင်-လန်ချန်းနိုင်ငံများအကြား သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စများဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

သံအမတ်ကြီး Mr. Chen Hai က သမားရိုးကျမဟုတ်သော လုံခြုံရေးပြဿနာသည် လူသားတို့ အသက်ရှင်နေထိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တစ်နေ့တခြား ခြိမ်းခြောက်လာကြောင်း၊ အပြောင်းအလဲနှင့် ရှုပ်ထွေးမှုများရောယှက်နေသည့် နိုင်ငံတကာလုံခြုံရေးအခြေအနေကိုရင်ဆိုင်ရာတွင် သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်ကို အဆိုပြုလိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအခက်အခဲဖြေရှင်းရန်၊ နိုင်ငံတကာလုံခြုံရေးလိုအပ်ချက်အား ဖြေရှင်းရန်၊ လူသားအားလုံးလုံခြုံရေးမြှင့်တင်ရန်အတွက် တရုတ်နည်းလမ်း ထောက်ပံ့ပေးလိုက်သဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့်ချီးကျူးခြင်းနှင့် တက်တက်ကြွကြွ တုံ့ပြန်မှုများရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး သံအမတ်ကြီးက လန်ချန်း-မဲခေါင်ခြောက်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်စမ်းသပ်ဇုန် အတူတကွတည်ဆောက်ပြီး အကြမ်းဖက်ဝါဒ၊ အွန်လိုင်းလောင်းကစား ဆက်သွယ်ရေးလိမ်လည်မှု၊ လူကုန်ကူးမှုစသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးကဏ္ဍအား ရင်ဆိုင်ရာတွင် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ခဲ့ကြောင်း၊ ဆက်သွယ်ရေးလိမ်လည်မှု စသည့်ပြဿနာများအတွက် တရုတ်နိုင်ငံသည် “လုံးဝသည်းမခံ” သည့်သဘောထားနှင့် တင်းကျပ်စွာနှိမ်နင်းသည့်အခြေအနေကို ကိုင်စွဲထားပြီး မြန်မာ၊ ထိုင်းနိုင်ငံနှင့်အတူ သုံးနိုင်ငံပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှုဆောင်ရွက်ကာ ကနဦးရလဒ်များ ရရှိခဲ့ကြောင်း၊ အနာဂတ်တွင် လန်ချန်း-မဲခေါင်နိုင်ငံများသည် တိုက်ဖျက်ရေးကိုမြှင့်တင်ဖော်ဆောင်ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက် သန့်ရှင်းသည့် အွန်လိုင်းပတ်ဝန်းကျင် ဖန်တီးပေးရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုသည် လုံခြုံရေးပြဿနာကိုဖြေရှင်းသည့် အဓိကသော့ချက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မဲခေါင်မြစ် မိတ်ဖက်နိုင်ငံများနှင့်အတူ သမားရိုးကျမဟုတ်သော လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးအချက်သစ်များ ဖန်တီးကာ ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ သာယာဝပြောသောဥယျာဉ်ကြီး အတူတကွတည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးခေါင်းစဉ်အောက်မှ အွန်လိုင်းလောင်းကစားမှုနှင့် လိမ်လည်မှု တို့ဖြင့် ဆက်စပ်နေသည့် လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ စားနပ်ရိက္ခာလုံခြုံမှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး စသည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မည့် အလားအလာများ နှင့် အစီအမံများ ပေါ်ထွက်လာရေးကို ရှေးရှု၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/17/%e1%80%99%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba-%e1%80%9c%e1%80%94%e1%80%ba%e1%80%81%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 17, 2023 10:46 上午
下一篇 7月 25, 2023 4:14 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....