နာဂဒေသ၊ နန်းယွန်းမြို့တွင် ဘိန်းအစားထိုးစိုက်ပျိုးရန် ပျိုးပင်နှင့်မျိုးစေ့များ ပေးအပ်

နာဂဒေသ၊ နန်းယွန်းမြို့တွင် ဘိန်းအစားထိုးစိုက်ပျိုးရန် ပျိုးပင်နှင့်မျိုးစေ့များ ပေးအပ်

နာဂဒေသ၊ နန်းယွန်းမြို့တွင် ဘိန်းအစားထိုးစိုက်ပျိုးရန် ပျိုးပင်နှင့်မျိုးစေ့များ ပေးအပ်

နာဂဒေသ၊ နန်းယွန်းမြို့တွင် ဘိန်းအစားထိုးစိုက်ပျိုးရန် ပျိုးပင်နှင့်မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း နန်းယွန်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမြင့် ထံမှသိရသည်။

“ရွှေ့ပြောင်း တောင်ယာက ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ခင်းတွေ ပေါ်ထွက်လာစေဖို့နဲ့ နှစ်ရှည်သီးနှံပင်တွေ စိုက်ပျိုးခြင်းအားဖြင့် ဒေသခံတောင်သူတွေ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေးတို့အတွက် ရည်ရွယ်တာပါ။ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးထုတ်လုပ်ရေး စီမံချက်နဲ့ ဆောင်ရွက်တဲ့ မိုးသီးနှံမျိုးကောင်းမျိုးသန့်တွေကို ထောက်ပံပေးအပ်တာပါ” ဟု ဦးမျိုးမြင့် ကပြောသည်။

နန်းယွန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများနှင့် ဒုံဟီးမြို့ရပ်ကွက်၊ ကျေးရွာများအတွက် ကော်ဖီအပင်(၅၀၀၀)၊ လက်ဖက်အပင်(၅၀၀၀)၊ ချဉ်ပေါင်ဖာလာ(၈၂၄၀)ပင်၊ လိမ္မော်(၁၈၀၀)ပင်၊ မျောက်ငိုအပင်(၁၀၀)၊ မက်မန်းအပင်(၁၀၀)၊ မက္ကာဒီးယားအပင်(၅၀၀)၊ ထောပတ်အပင်(၃၀)၊ မိုစပါး(၁၇)တင်း၊ အစေ့ထုတ်ပြောင်း ရေဆင်း ၁၁ ကီလို(၅၀)၊ အစေ့ထုတ်ပြောင်း ဧကရီ ကီလို(၁၀၀)၊ မြေပဲဆင်း-၁၁တင်း(၂၀)၊ ပဲပုပ်(ဒေသ)(၁၀)တင်း၊ ဆီမုန်ညင်း(ဒေသ)(၂)တင်းနှင့် နေကြာ(ရေဆင်း-၁၁) ကီလို(၃၀)တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးထုတ်လုပ်ရေး စီမံချက်ဖြင့်ဆောင်ရွက်သော ပျိုးပင်၊မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်(၁၄)ရက်နေ့ နံနက် ၉ နာရီက နန်းယွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမတွင် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/25/%e1%80%94%e1%80%ac%e1%80%82%e1%80%92%e1%80%b1%e1%80%9e%e1%81%8a-%e1%80%94%e1%80%94%e1%80%ba%e1%80%b8%e1%80%9a%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 17, 2023 10:52 上午
下一篇 7月 25, 2023 4:19 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....